၁ သိန်းကျော်ပဲရှိတဲ့ OPPO A11k ကို အိန္ဒိယမှာ ရောင်းပြီ

OPPO က စွမ်းရည်သင့် A12 ကို ဒီလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ တန်ဖိုးနည်း A11k ကို မိတ်ဆက်လိုက်ပြီး Specs တွေက A11 နဲ့ တူညီပေမယ့် RAM နဲ့ Storage အပိုင်းမှာ အားနည်းသွားပါတယ်။ OPPO A11k ကို ၈,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၆ သောင်းလောက်ပဲရှိပါတယ်။ မြေပြင်စတိုးနဲ့ Amazon ကနေ ရောင်းချပေးလိုက်ပါတယ်။

သူ့မှာ ၆.၂၂ လက်မ IPS LCD HD+ မျက်နှာပြင် ထည့်ထားပြီး 19:9 Aspect Ratio ဖြစ်ပါတယ်။ Screen to body Ratio က ၈၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သူ့မှာ 2GB RAM နဲ့ 32GB Storage တွေ ထည့်ထားပြီး Flowing Silver နဲ့ Flowing Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Helio P35 Chipset မောင်းနှင်ထားပြီး Android 9 အခြေပြု ColorOS 6.1 UI ထည့်ထားပါတယ်။ 4,230mAh ဘက်ထရီ ပါလာပြီး အနောက်ဘက်မှာ 13+2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gizmochina

%d bloggers like this: