Huawei Nova 7 SE ကို Honor 30S နာမည်နဲ့ ရုရှားမှာ ရောင်းချ

ရုရှားမှာ Honor 30 နဲ့ Honor 30 Pro+ ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီးအခုတော့ စွမ်းရည်သင့် Honor 30S ကို ရောင်းချပေးလိုက်ပါတယ်။ ထူးဆန်းတာက သူဟာ တရုတ်မှာ မတ်လက ကြေညာခဲ့တဲ့ Honor 30S မဟုတ်ဘဲ Huawei Nova 7 SE ကို နာမည်ပြောင်းရောင်းချတာပါ။

ရုရှားမှာ ရောင်းတဲ့ Honor 30S မှာ ၆.၅ လက်မ FHD+ LCD မျက်နှာပြင် ထည့်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Kirin 820 SoC ပါလာပါတယ်။ Android 10 အခြေပြု EMUI 10.1 မောင်းနှင်ထားပြီး 40W SuperCharge ပါတဲ့ 4000mAh ဘက်ထရီ ထည့်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage ပါလာပါတယ်။

Honor 30S အတွက် Midnight Black, Neon Purple နဲ့ Titanium Silver အရောင်တွေ ထုတ်လုပ်ထားပြီး ရူဘယ် ၂၇,၉၉၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၆ သောင်းလောက်ရှိပြီး သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

Honor 30S specifications

• 6.5-inch (2400 × 1080 pixels) Full HD+ LCD 2.5D curved glass display with 96% NTSC color gamut
• HUAWEI Kirin 820 5G (1 x Cortex-A76 Based 2.36GHz + 3 x Cortex-A76 Based 2.22GHz + 4 x Cortex-A55 1.84 GHz) processor with ARM Mali-G57MP6 GPU, 1 x NPU (Neural-network Processing Unit)
• 6GB LPDDR4x RAM with 128GB / 256GB storage
• Android 10 with EMUI 10.1
• Dual SIM
• 64MP camera with f/1.8 aperture, LED flash, 8MP 120° ultra-wide camera with f/2.4 aperture, 2MP 4cm macro camera and 2MP depth sensor with f/2.4 aperture
• 16MP front camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack
• Dimensions: 162.31 x 75.0 x 8.5mm; Weight: 189g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11ac (2.4GHz/5GHz), Bluetooth 5.1, GPS, USB Type-C
• 4000mAh (typical) / 3900mAh (minimum) with 40W super Fast charging

Ref : gsmarena

%d bloggers like this: