Poco စမတ်ဖုန်း အသစ် နောက်လထဲ အိန္ဒိယမှာ ကြေညာမည်

Poco က အိန္ဒိယအတွက် ဖုန်း အသစ် ၁ လုံးလာမယ်ဆိုတာကို ဒီလ အစောပိုင်းက Tease လုပ်ခဲ့ပါတယ်။ အခုတော့ Poco India ရဲ့ GM Manmohan Chandolu က နောက်လထဲမှာ ဖုန်း အသစ်ကို ချပြမယ်လို့ အတည်ပြုလိုက်ပါတယ်။ Poco အရာရှိက ဖုန်း အသစ်ဟာ F2 Pro မဟုတ်ဘဲ အိန္ဒိယအတွက် သီးသန့် ထုတ်ထားတာလို့ ပြောပါတယ်။

အရင်သတင်းတွေအရ အဲဒီ ဖုန်းဟာ Snapdragon 720G Chipset ပါတဲ့ Poco M2 Pro ဖြစ်နိုင်ပါတယ်။ လျှို့ဝှက်နာမည်က Gram ဖြစ်ပြီး Kernel Source Code ဟာ Redmi Note 9 Pro နဲ့ များစွာ တူနိုင်ပါတယ်။ Manmohan က အင်တာဗျူး ၁ ခုမှာ အနာဂတ်မှာ ရောင်းမယ့် Poco ရဲ့ တခြား ထုတ်ကုန်အကြောင်းတွေကိုလည်း ပြောသွားခဲ့ပြီး Pop Buds TWS နားကြပ်လည်း ပါပါတယ်။ သူက အဲဒီ နားကြပ်ကို Xiaomi R&D အဖွဲ့နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်တဲ့အတွက် လက်ရှိ Xiaomi TWS နားကြပ်တွေနဲ့ တူညီမှုတွေ ပါလာနိုင်ပါတယ်။

သူက အိန္ဒိယမှာ ဒီနှစ်နှောင်းပိုင်း F2 Pro ကို ရောင်းမယ့် သတင်းကို မပြောသွားပါဘူး။ အင်တာဗျူးမှာ Poco Device တွေမှာ ကြော်ငြာတွေ ထည့်သွင်းမလားလို့ မေးတဲ့ အခါ သူက Xiaomi Device တွေမှာလို အများအပြား ပါမှာ မဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: