Samsung Galaxy Tab S7+ မှာ အရွယ်ကြီး 10,000mAh ဘက်ထရီ ပါမည်

Samsung ရဲ့ စွမ်းရည်မြင့် တက်ဘလက် အသစ်တွေကို ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာတော့မှာပါ။ Galaxy Tab S7 နဲ့ S7+ ဖြစ်ပြီး TUV Rheinland မှာ မှတ်ပုံတင်ထားတဲ့ စာရင်းအရ 9,800mAh နဲ့ 10,090mAh ဘက်ထရီတွေ အသီးသီး ထည့်သွင်းထားမှာပါ။

အရင်သတင်းတွေအရ Tab S7 မှာ ၁၁ လက်မ မျက်နှာပြင်နဲ့ Tab S7+ မှာ ဒီထက် အရွယ်အစား ပိုကြီးတဲ့ ၁၂.၄ လက်မ မျက်နှာပြင်တွေ ပါလာမယ်လို့ သိရပါတယ်။ AMOLED မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ Galaxy Tab S7 မှာ 120Hz မျက်နှာပြင် ပါမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီအတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းမြန်ပြီး ဂိမ်း ကစားရင် ဖလန်းဖလန်း ထနေမှာ ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ Snapdragon 865 SoC မောင်းနှင်ထားမှာပါ။

Tab S7 ရဲ့ ဓါတ်ပုံတွေ မကြာခင်က ထွက်လာခဲ့ပြီး မျက်နှာပြင်ရဲ့ ဘယ်ဘက်နားမှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ S Pen ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာတွေ အောက်မှာ S Pen ထည့်သွင်းနိုင်တဲ့ နေရာ ပါလာပါတယ်။ ညာဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာ မြှပ်နှံထားမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: