Apple ရဲ့ Airpower Charging Mat ထွက်လာနိုင်

Apple ဟာ AirPower ကြိုးမဲ့အားသွင်းပြားကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကတည်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၁ နှစ်ခွဲလောက် ကြာမြင့်ခဲ့သည့်တိုင် AirPower ကို ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၉ မှာတော့ AirPower ထုတ်ကုန်ကို လုံးဝ လက်လျော့လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ AirPower ကို ကုမ္ပဏီက လိုချင်တဲ့ “အမြင့်စားစံချိန်စံနှုန်း” တွေနဲ့ မီအောင် ထုတ်ဖို့ရာ အခက်အခဲ ရှိတာကြောင့် လုံးဝ မထုတ်တော့တာ ဖြစ်တယ်လို့ TechCrunch ကို ပြောကြားခဲ့ပါတယ်။
https://twitter.com/jon_prosser/status/1273612718306668544
အခုတော့ Apple ရဲ့ Airpower Charging Mat ထွက်လာနိုင်တဲ့ သတင်းထွက်လာပါတယ်။ Leakster Jon Prosser က Airpower ဟာ Apple Watch ကို အောင်မြင်စွာ အားသွင်းပေးနိုင်ပြီလို့ တွစ်တာကနေ သတင်းပေးလိုက်ပါတယ်။ Apple Device တွေကို ကြိုးမဲ့အားသွင်းချင်တဲ့ Apple Fans တွေအတွက် ဝမ်းသာစရာပါ။

Airpower ဟာ Apple Watch, AirPod နားကြပ်နဲ့ iPhone သုံးခုလုံးကို တပြိုင်တည်း အားတင် သွင်းနိုင်တဲ့ ကြိုးမဲ့အားသွင်းပြား ဖြစ်ပါတယ်။ အားသွင်းကွိုင် အများအပြားကို ပေါင်းစပ် အသုံးပြုထားတဲ့ ကိုယ်ပိုင်နည်းပညာကြောင့် အားသွင်းပြားပေါ်မှာ အားဝင်တဲ့ နေရာ ရှာနေစရာမလိုဘဲ ကြိုက်တဲ့ နေရာ တင်သုံးနိုင်တဲ့ ထုတ်ကုန်တခု ဖြစ်ပါတယ်။ AirPower ပေါ်တင်ထားတဲ့ Device သုံးခုလုံးရဲ့ အားသွင်းမှုကိုလည်း iPhone ပေါ်မှာ တခါတည်း ဖော်ပြနိုင်မယ့် Software နဲ့ ဖြစ်ပါတယ်။ Airpower ကို iPhone 12 Series နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: