Transformer လို အသွင်ပြောင်းနိုင်တဲ့ Drone ကို အမေရိကန် တီထွင်ထားပြီ

အမေရိကန်ရဲ့ Drone နည်းပညာက တော်တော်ကြီးကို လန်းပါတယ်။ သူက စစ်ဆင်ရေးအပေါ်မူတည်ပြီး Transformer ရုပ်ရှင်ကားထဲက စက်ရုပ်တွေလို အသွင်ပြောင်းနိုင်ပါတယ်။ မြေပြင်ကနေ ဝေဟင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက် နိုင်ပါတယ်။ US Army Research Laboratory နဲ့ Texas A&M University တို့က သူတို့ရဲ့ ၂ နှစ်ကြာ သုတေသန ရလဒ်ကို ကြေညာလိုက်တာပါ။

ပညာရှင်တွေက ဒီလို အသွင်ပြောင်း Drone ကို ဖန်တီးနိုင်ဖို့ ဒီဇိုင်း ထုတ်ပေးတဲ့ Tool ၁ ခုကို အသုံးပြုခဲ့တာ ဖြစ်ပြီး အဲဒီ Tool ဟာ အချိန်သိပ်မလိုဘဲ ဒီလို ဒီဇိုင်းတွေ ထုတ်ပေးနိုင်ပါတယ်။ အင်ဂျင်နီယာတွေနဲ့ ယှဉ်ရင် ၈၀ ရာခိုင်နှုန်း အချိန်ကုန်တာ သက်သာသွားမှာပါ။

စစ်တပ်ဟာ နောက်ပိုင်းမှာလည်း အသွင်ပြောင်း Drone တွေ ဖန်တီးဖို့ အဲဒီ Tool ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပျံသန်းနေချိန်မှာတောင် အသွင်ပြောင်းနိုင်တဲ့အတွက် အရမ်း မိုက်ပါတယ်။ ဥပမာ တိုတောင်းတဲ့ တောင်ပံတွေဟာ ခရီးတိုကို မြန်မြန်သွားဖို့နဲ့ ရှည်လျားတဲ့ တောင်ပံတွေဟာ ခရီးဝေးတွေ သွားဖို့ သင့်တော်ပါတယ်။ အဲဒီလို အသွင်ပြောင်း ဒီဇိုင်း ထုတ်လုပ်ပေးနိုင်တဲ့ Tool တွေဟာ အနာဂတ်မှာ ကားနဲ့ တခြား ယာဉ်တွေအတွက်လည်း အသုံးဝင်လာမှာပါ။

Ref : tnw

%d bloggers like this: