2020 iPhone မှာ Qualcomm X60 5G Modem သုံးထားနိုင်

Apple က ဒီနှစ်မှာ သူ့ရဲ့ ပထမဆုံး 5G ဖုန်းတွေကို ချပြတော့မှာပါ။ ၂၀၁၉ ထုတ် Qualcomm X55 5G Modem ကို သုံးထားမယ်လို့ အရင်က သတင်းထွက်ခဲ့ပြီး အခုတော့ 2020 iPhone တွေမှာ Qualcomm ရဲ့ နောက်ဆုံးထုတ် X60 Modem ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

TSMC က A14 Chip နဲ့ Snapdragon X60 Modem တွေကို ဒီလ နှောင်းပိုင်းမှာ ထုတ်လုပ်မှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမယ့် iPhone 12 Series မှာ သုံးထားမှာပါ။ အဲဒီ Chip တွေကို 5nm Process နဲ့ တည်ဆောက်ထားတာပါ။

5nm Process ကြောင့် X60 ဟာ X55 Modem ထက် စွမ်းအင်စားသုံးမှု သက်သာမှာ ဖြစ်ပါတယ်။ 5G ဖုန်းတွေဟာ စွမ်းအင် အရမ်း စားသုံးတဲ့ အတွက် ဒီ Modem နဲ့ဆို ပိုကောင်းသွားမှာ ဖြစ်ပါတယ်။ X60 Modem ဟာ mmWave နဲ့ sub-6GHz Bands ၂ မျိုးစလုံးကို တစ်ပြိုင်နက် ထောက်ပံ့တဲ့အတွက် မြန်နှုန်း မြင့်မားပြီး Latency နည်းပါးပါတယ်။

Ref : gizmochina

%d bloggers like this: