Apple က iOS ကို iPhoneOS လို့ နာမည်ပြောင်းနိုင်

ပြီးခဲ့တဲ့နှစ်မှာ Apple က iPad တွေအတွက် အထူးထုတ်လုပ်ထားတဲ့ iOS Version ဖြစ်တဲ့ iPadOS ကို ကြေညာခဲ့ပါတယ်။ အရင်ကတော့ iPad တွေမှာ iPhone တွေလိုပဲ iOS မောင်းနှင်ထားတာ ဖြစ်ပါတယ်။ အခုတော့ Apple က iOS ကို iPhoneOS လို့ နာမည်ပြောင်းနိုင်တယ်လို့ သတင်းထွက်လာပါတယ်။


အဲဒီ သတင်းကို Apple လေ့လာဆန်းစစ်သူ Jon Prosser က တွစ်တာမှာ ဖွလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပို့စ်ကို XDA Developers က Max Weinbach က ထောက်ခံခဲ့ပြီး သူကလည်း Apple က iOS ကို iPhoneOS လို့ နာမည်ပြောင်းနိုင်တယ်ဆိုတဲ့ အီးမေး ၁ စောင်ရထားတယ်လို့ ပြောပါတယ်။

Max ရဲ့ ပို့စ်မှာ iPhone ကို Apple Phone လို့ နာမည်ပြောင်းမယ်လို့လည်း ပြောထားပါတယ်။ iPhone ကို နာမည်ပြောင်းမယ်ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူးလို့ ထင်ပြီး အဲဒီ သတင်းဟာ မှားနေနိုင်ပါတယ်။ Apple က ဒီလ ၂၂ ရက်နေ့မှာ ကျင်းပမယ့် WWDC 2020 Conference မှာ နာမည်ပြောင်းတဲ့ သတင်းကို ကြေညာနိုင်ပြီး အဲဒီပွဲမှာ iOS 14 , iPadOS, watchOS နဲ့ macOS အသစ်တွေကို ပြောမှာပါ။

Ref : gizmochina

%d bloggers like this: