Android 10 Update ရသွားတဲ့ nubia Red Magic 3

အရင်နှစ်ထုတ် nubia Red Magic 3 အတွက် Android 10 Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ Android 10 အခြေပြု Redmagic 3.0 အုပ်ထားပြီး Gamer တွေ အကြိုက်တွေ့စေမယ့် Game Space အသစ် ထည့်ထားပါတယ်။ Animations နဲ့ Visual Effects အသစ်တွေ ပါလာပြီး Screen Mirroring ပိုကောင်းလာပါတယ်။

Split-screen Multitasking တွေ ပိုကောင်းလာပြီး Neo AI Smart System ကို အဆင့်မြှင့်ထားပါတယ်။ တခြား ပြောင်းလဲမှုပေါင်း ၈၀ ကျော်တောင် ပါလာတဲ့အတွက် အရသာ အသစ်တွေ ခံစားရမှာပါ။ လက်ရှိမှာ တရုတ်မှာပဲ ဖြန့်ချိပေးထားပြီး မကြာခင်မှာ နိုင်ငံတကာအတွက် ရမယ်လို့ ထင်ပါတယ်။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၆၅ လက်မ AMOLED Display ပါပြီး 90 Hz Refresh Rate ကို ထောက်ပံ့ပါတယ်။ 240 Hz Touch Refresh Rate ရှိပါတယ်။ Gamer တွေက ဓါတ်ပုံ သိပ်မရိုက်ဘူးလို့ ယူဆတဲ့ အတွက် သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ တစ်လုံးသာ ထည့်ထားပါတယ်။ 48MP Camera ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် ICE Liquid Cooling နဲ့ ပန်ကာတစ်လုံး ပါပါတယ်။ ဖုန်းရဲ့ အပူချိန်ကို ၁၆ ဒီဂရီ ဆဲလ်ဆီးယပ်အထိ လျှော့ချပေးနိုင်ပါတယ်။ အဲဒီအတွက် အပူထုတ်လွှတ်မှုများတဲ့ ဂိမ်းများကိုတောင် ကောင်းကောင်း ကစားနိုင်ပါတယ်။

ဖုန်းရဲ့ ညာဘက်အထက်မှာ Action Button တစ်ခု ရှိပါတယ်။ ဂိမ်းကစားတဲ့ အခါမှာ အဲဒီ ခလုတ်ကို အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ အရွယ်အစား ကြီးမားတဲ့ 5000mAh Battery ထည့်ထားပါတယ်။ 27W Fast Charging ပါပါတယ်။ စတင်ကြေညာချိန်က 6/64GB ကို ၄၃၀ ဒေါ်လာ ၊ 6/128GB ကို ၄၇၅ ဒေါ်လာ၊ 8/128GB ကို ၅၂၀ ဒေါ်လာနဲ့ 12/256GB ကို ၆၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: