အနောက်ကင်မရာ ၄ လုံးနဲ့ 5,000mAh ဘက်ထရီ ပါတဲ့ OPPO A52 ကို အိန္ဒိယမှာ ကြေညာပြီ

OPPO က အိန္ဒိယမှာ A52 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ FHD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး Screen-to-body Ratio က ၉၀.၅ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက လန်းပါတယ်။

8MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 12MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ Snapdragon 665 SoC မောင်းနှင်ထားပြီး 8GB RAM ပါပါတယ်။ Android 10 အခြေပြု ColorOS 7.1 မောင်းနှင်ထားပါတယ်။

အနောက်ဘက်ကို 3D Glass နဲ့ ဖုံးအုပ်ထားပြီး ကုမ္ပဏီက လက်ဗွေရာ မထင်ဘူးလို့ ပြောပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းပါတယ်။ USB Type-C Port ပါတဲ့အတွက် ဒေတာ ကူးတာနဲ့ အားသွင်းတာ မြန်ပါတယ်။

OPPO A52 specifications

• 6.5-inch (2400×1080 pixels) FHD+ display
• Octa Core Snapdragon 665 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 8GB LPDDR4x RAM, 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM
• ColorOS 7.1 based on Android 10
• 12MP rear camera with f/1.8 aperture, PDAF, LED flash, f/1.8 aperture, 8MP 119° ultra-wide angle lens, 2MP depth sensor and 2MP camera for 4cm macro with 1.75μm pixel size, f/2.4 aperture
• 8MP front-facing camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack, FM Radio
• Dimensions: 162x 75.5 x 8.9 mm; Weight: 162g
• Dual 4G VoLTE, Wi-Fi 802.11 ac, Bluetooth 5, GPS/ GLONASS/ Beidou, USB Type-C
• 5000mAh battery with 18W charging

OPPO A52 အတွက် အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး ၁၆,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၁ သောင်းလောက်ပဲရှိပြီး Flipkart , Amazon.in နဲ့ မြေပြင်စတိုးတွေကနေ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: