Samsung Galaxy Tab S7 ရဲ့ S Pen Stylus ကို FCC မှာ မှတ်ပုံတင်လိုက်ပြီ

Samsung က Galaxy Tab S7 နဲ့ S7+ တက်ဘလက်ကို ဇူလိုင် သို့မဟုတ် ဩဂုတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ မကြာခင်ကလည်း Galaxy Tab S7 ရဲ့ ဓါတ်ပုံတွေကို OnLeaks က မျှဝေခဲ့ပါတယ်။ ဓါတ်ပုံအရ ဒီဇိုင်းဟာ အရင်မျိုးဆက် Galaxy Tab S6 နဲ့ တော်တော်တူနေပြီး မျက်နှာပြင်ရဲ့ ဘယ်ဘက်နားမှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ S Pen ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာတွေ အောက်မှာ S Pen ထည့်သွင်းနိုင်တဲ့ နေရာ ပါလာပါတယ်။

အခုတော့ FCC မှာ Galaxy Tab S7 ရဲ့ S Pen Stylus ကို မှတ်ပုံတင်လိုက်ပြီး S Pen ဒီဇိုင်းကိုတော့ မဖော်ပြထားပါဘူး။ အရင်သတင်းတွေအရ Tab S7 မှာ ၁၁ လက်မ မျက်နှာပြင်နဲ့ Tab S7+ မှာ ဒီထက် အရွယ်အစား ပိုကြီးတဲ့ ၁၂.၄ လက်မ မျက်နှာပြင်တွေ ပါလာမယ်လို့ သိရပြီး AMOLED အမျိုးအစားတွေ ဖြစ်ပါတယ်။

ညာဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာ မြှပ်နှံထားမယ်လို့ ထင်ပါတယ်။ Tab S6 မှာတော့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ သုံးထားပါတယ်။ အောက်ခြေမှာ USB-C Port တပ်ဆင်ထားပြီး 7,760mAh ဘက်ထရီ ပါလာမှာပါ။ Plus Model မှာ 9,800mAh ဘက်ထရီ ထည့်ထားမှာပါ။ ၂ လုံးစလုံးမှာ Snapdragon 865 SoC မောင်းနှင်ထားမှာပါ။ 120Hz မျက်နှာပြင် ပါမယ်လို့ သတင်းထွက်နေတဲ့ အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းမြန်ပြီး ဂိမ်း ကစားရင် ဖလန်းဖလန်း ထနေမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: