Microsoft က Surface Duo ကို ဇူလိုင်လမှာ ကြေညာနိုင်

Microsoft က မျက်နှာပြင် ၂ ခု ပါတဲ့ Surface Duo ကို ဖန်တီးနေပြီး ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်ပါတယ်။ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်တော့ မပါပါဘူး။ သူ့ရဲ့ သတင်းတွေထွက်နေတာ ကြာနေပြီ ဖြစ်ပြီး ကြေညာမယ့်နေ့ကို ကုမ္ပဏီက မပြောသေးပါဘူး။ ကိုရိုနာဗိုင်းရက်စ်ကြောင့် Microsoft ဟာ Windows 10X မိတ်ဆက်ပွဲကို နောက်ဆုတ်ခဲ့ရပါတယ်။ အခုတော့ Surface Duo ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ့် Samsung Galaxy Fold 2 မတိုင်ခင် ချပြဖို့ Microsoft က စီစဉ်နေပါတယ်။ အဲဒီအတွက် နောက်လထဲမှာ မြင်ရနိုင်ပါတယ်။

အရင် သတင်းတွေအရ Microsoft Surface Duo ဟာ ဖြန့်ထားရင် ၄.၈ မီလီမီတာ အထူရှိပြီး ခေါက်ထားရင် ၉.၆ မီလီမီတာ အထူ ရှိပါတယ်။ သူ့မှာ ၅.၆ လက်မ မျက်နှာပြင် ၂ ခု တွဲဆက်ထားတာ ဖြစ်ပြီး AMOLED (1800×1350) ရှိပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်တွေ ထူလွန်းနေတာ ဒိတ်အောက်တဲ့ ဒီဇိုင်း ဖြစ်နေပါတယ်။ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ Android 11 ရရှိမှာပါ။ Surface Pen လည်း ထည့်သွင်းထားမှာပါ။

အရင်နှစ်ထုတ် Snapdragon 855 မောင်းနှင်ထားတာတော့ သိပ်မမိုက်ပါဘူး။ 6GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာဖြစ်ပြီး 11MP ကင်မရာပဲပါတာလည်း မဂွတ်ပါဘူး။ လက်ဗွေရာ ကိရိယာ ပါလာမှာ ဖြစ်ပြီး 3,460mAh ဘက်ထရီ ထည့်ထားမှာပါ။ 5G , NFC နဲ့ ကြိုးမဲ့ အားသွင်း နည်းပညာ မပါလာပါဘူး။ မျက်နှာပြင် ၂ ခုလုံးမှာ အလုပ်လုပ်နိုင်တဲ့ Microsoft Apps တွေ ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: