iPhone 12 Pro နဲ့ 12 Pro Max မှာ 120Hz မျက်နှာပြင် ပါလာနိုင်

iPhone 12 Pro နဲ့ 12 Pro Max မှာ 120Hz မျက်နှာပြင် ပါလာနိုင်တယ်လို့ သတင်းထွက်လာပြီး အခုနောက်ပိုင်း Refresh Rate မြင့်မြင့်နဲ့ ထွက်လာတဲ့ Android ဖုန်းတွေကို လိုက်ဖိုက်မှာပါ။ iPhone 12 မှာတော့ 60Hz ပဲ ထည့်ထားမယ်လို့ သိရပါတယ်။

iPhone 12 Series အားလုံးမှာ ကိုယ်ထည်တွေ ပါးလွှာကြမှာ ဖြစ်ပြီး ၆.၇ လက်မ iPhone 12 Pro Max ဟာ ၇.၄ မီလီမီတာပဲ ထူမယ်လို့ သတင်းထွက်လာပါတယ်။ iPhone 11 Pro Max ရဲ့ အထူက ၈.၁ မီလီမီတာရှိပါတယ်။ ပါးလွှာတဲ့အတွက် iPhone 12 Models အားလုံးမှာ 4,400mAh ဘက်ထရီ ထက်မကြီးနိုင်ဘူးလို့ သိရပေမယ့် iPhone 11 Pro Max ရဲ့ 3,969mAh ဘက်ထရီထက် ပိုလန်းမှာပါ။

iPhone 12 ဘူးထဲမှာ နားကြပ် မထည့်ထားဘူးလို့ သတင်းထွက်လာပါတယ်။ Apple ဟာ AirPods ရောင်းအားတက်အောင် ဒီလို ပြုလုပ်တာ ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် AirPods အလုံးရေ သန်း ၂၀ ပိုရောင်းရဖို့ မျှော်မှန်းထားပါတယ်။

ref : gsmarena

%d bloggers like this: