Sony က PlayStation 5 နဲ့ PlayStation 5 Digital Edition ကို ပြသ

Sony က PlayStation 5 နဲ့ PlayStation 5 Digital Edition ကို အွန်လိုင်း ပွဲ ၁ ခုနဲ့ မိတ်ဆက်လိုက်ပါတယ်။ PS5 မှာ Ultra HD Blu-ray Disc Drive တပ်ဆင်ထားပြီး Digital Edition မှာ Disc Drive မပါပါဘူး။ တခြား လုပ်ဆောင်ချက်တွေနဲ့ ဒီဇိုင်းက တူညီပြီး Power Button နဲ့အတူ USB-A Port နဲ့ USB-C Port တွေ တပ်ဆင်ထားပါတယ်။

DualSense Wireless Controller ကိုလည်း Sony က ပြသခဲ့ပြီး Controller ၂ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Charging Station ကိုတွေ့ရပါတယ်။ Sony က PS5 ရဲ့ တခြားAccessory တွေကိုလည်း ပြသလိုက်ပြီး Pulse 3D Wireless Headset က 3D Audio Support နဲ့ Dual Noise-cancelling Microphones တွေ ပါပါတယ်။ ဂိမ်းကစားတာကို Live လွှင့်နိုင်တဲ့ 1080p ကင်မရာ ၂ လုံး ထည့်ထားပါတယ်။ ရုပ်ရှင်တွေကို Navigate လုပ်နိုင်တဲ့ Media Remote ထုတ်လုပ်ထားပါတယ်။

PS5 မှာ 8 Core AMD Zen 2 အခြေပြု CPU , RDNA 2 အခြေပြု GPU , 16GB GDDR6 RAM နဲ့ 825GB NVMe SSD ထည့်ထားပါတယ်။ Tempest Audio Engine ပါလာပြီး အသံ Sources များစွာကို ကိုင်တွယ်နိုင်တဲ့အတွက် အလန်းစား အသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ PS5 ကို ဒီနှစ် ဒီဇင်ဘာလလောက်မှာ ရောင်းမှာ ဖြစ်ပြီး ဈေး မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: