Mask တပ်ရမယ့် နေရာတွေကို ပြောပြပေးမယ့် Google Maps

Google Maps မှာ ကိုရိုနာဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ အစိုးရ စည်းမျဉ်းတွေကို ဖော်ပြပေးတဲ့ လုပ်ဆောင်ချက်ကို မကြာခင်က ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှု နည်းလာတဲ့အတွက် ကမ္ဘာအဝန်းမှာ လူတွေ အပြင်ထွက်လာကြပါပြီ။ အဲဒီအတွက် အစိုးရတွေက အများသုံး သယ်ယူပို့ဆောင်ရေး စနစ်တွေမှာ ဘေးကင်းစေဖို့ စည်းမျဉ်းအသစ်တွေကို ချမှတ်လာကြပါတယ်။

အခုတော့ Google Maps မှာ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်တွေသုံးရင် Mask တပ်ရမလားဆိုတာကို ပြောပြပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ နိုင်ငံအစိုးရတွေရဲ့ စည်းမျဉ်းတွေ အပေါ်မူတည်ပြီး ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားတာပါ။ လက်ရှိမှာ ဒီလုပ်ဆောင်ချက်ကို Argentina, Australia, Belgium, Brazil, Colombia, France, India, Mexico, Netherlands, Spain, Thailand, United Kingdom နဲ့ U.S တို့မှာ ဖြန့်ချိပေးနေပါပြီ။

US-Canada နဲ့ US-Mexico တို့လို နယ်စပ်တွေမှာလည်း ဒီလုပ်ဆောင်ချက် ပြသပေးထားတဲ့အတွက် တခြား နိုင်ငံတွေကို ဝင်ရောက်ရင် လိုက်နာရမယ့် စည်းမျဉ်းတွေကို သိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုင်းရက်စ် ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးပေးတဲ့ တည်နေရာတွေကို သင် သွားမယ်ဆိုရင် လိုအပ်တဲ့ အရာတွေကို ကြိုတင်ပြောပြပေးမှာပါ။ အဲဒီလုပ်ဆောင်ချက်ကို iOS နဲ့ Android ၂ မျိုးစလုံးအတွက် ဖြန့်ချိပေးလိုက်ပါပြီ။

Ref : tnw

%d bloggers like this: