Red Magic 5G Transparent Edition ရဲ့ ဗီဒီယို ထွက်လာ

Nubia Red Magic 5G ရဲ့ Transparent Edition ကို မေလ ၃၁ ရက်နေ့မှာ ရောင်းပေးခဲ့ပြီး ခဏလေးအတွင်းမှာပဲ ရောင်းကုန်သွားပါတယ်။ အနောက်ဘက်ဟာ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် အတွင်းပိုင်းက အစိတ်အပိုင်းတွေကို မြင်နေရပါတယ်။ အခုတော့ အတွင်းပိုင်း အစိတ်အပိုင်းတွေကို ပြသထားတဲ့ ဗီဒီယို ထွက်လာပါတယ်။

ဗီဒီယိုမှာ ပန်ကာကို တွေ့ရပြီး Red Magic Logo မှာ LED တပ်ဆင်ထားတာက Gaming PC နဲ့ တူပါတယ်။ အပူလျှော့ချဖို့အတွက် ပန်ကာ တပ်ဆင်ထားတဲ့ ဖုန်း အနည်းငယ်ထဲက ၁ လုံး ဖြစ်ပါတယ်။ ဗီဒီယိုမှာ မီးခိုးတွေ ဖုန်းထဲက ထွက်လာတာကို ပြသထားပြီး ကြည့်လို့ အရမ်း ကောင်းပါတယ်။ ဖုန်းထဲကနေ အပူတွေ ထွက်သွားတာကို ပြသတဲ့ သဘော ဖြစ်ပါတယ်။

Nubia က Red Magic 5G ကို ၁၄ ရက်နေ့မှာ JD.com ကနေ နောက်တစ်သုတ် ရောင်းပေးမှာ ဖြစ်ပါတယ်။ စွမ်းရည်အမြင့်ဆုံး မော်ဒယ်မှာ 16GB RAM နဲ့ 256GB Storage တောင် ပါပါတယ်။ ၅,၂၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်းလောက်ရှိပါတယ်။ 12/256GB Version ကို ၄,၆၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်းလောက်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: