Bill Gates က COVID-19 ကာကွယ်ဆေး ထုတ်လုပ်ဖို့ Oxford ကို ဒေါ်လာ သန်း ၇၅၀ လှူဒါန်း

Bill and Melinda Gates Foundation က Oxyford University က ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ် ဖြန့်ဖြူးဖို့အတွက် ဒေါ်လာ သန်း ၇၅၀ လှူဒါန်းလိုက်ပါတယ်။ အဲဒီ အလှူငွေဟာ ဆေးဝါးကုမ္ပဏီ AstraZeneca နဲ့ သဘောတူညီထားတဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အဲဒီ ကုမ္ပဏီဟာ the Serum Institute of India (SII); the Coalition for Epidemic Preparedness Innovations (CEPI); the Gavi Vaccine Alliance (Gavi) နဲ့ ပူးပေါင်းကာ COVID-19 လို ကူးစက်ရောဂါတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်နေကြပါတယ်။ နောက်ဆုံး အဖွဲ့အစည်း ၂ ခုကို Gates က တိုက်ရိုက် ငွေကြေးထောက်ပံ့ထားတာပါ။

Gates ရဲ့ အလှူငွေတွေနဲ့ AZD1222 လို့ ခေါ်တဲ့ ကာကွယ်ဆေး သန်း ၃၀၀ ကို ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပြီး ၂၀၂၀ အကုန်လောက်မှာ စတင် ပို့ဆောင်ပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ SII နဲ့ သဘောတူညီထားချက်အရ ဝင်ငွေနည်း ၊ ဝင်ငွေသင့် နိုင်ငံတွေအတွက် ကာကွယ်ဆေး ၁ ဘီလီယမ် ပံ့ပိုးပေးမှာ ဖြစ်ပြီး ၂၀၂၁ မတိုင်ခင်မှာ သန်း ၄၀၀ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

AstraZeneca က သူတို့ဟာ ကပ်ရောဂါ ကာလအတွင်း AZD1222 ကို အမြတ်မယူဘဲနဲ့ ၂ ဘီလီယမ် ထုတ်လုပ်ပေးနိုင်ပြီး အမေရိကန်နဲ့ ဗြိတိန်ကို ကာကွယ်ဆေး သန်း ၃၀၀ နဲ့ ၁၀၀ စီ ထောက်ပံ့ပေးဖို့ စီစဉ်ထားပြီးပါပြီ။

Gates က ကာကွယ်ဆေး မြန်မြန် ထုတ်လုပ်နိုင်ဖို့ ဒီလို အဖွဲ့အစည်းများစွာနဲ့ ပူးပေါင်းနေသလို ငွေကြေးများစွာ အကုန်အကျခံနေပါတယ်။ သူက ကာကွယ်ဆေး ၇ မျိုး တစ်ပြိုင်နက် ထုတ်လုပ်ပြီး အနည်းဆုံး ၁ မျိုးလောက်တော့ အဆင်ပြေဖို့ မျှော်လင့်ထားပါတယ်။ အလုပ်မဖြစ်တဲ့ ကာကွယ်ဆေးတွေအတွက် ဒေါ်လာ ဘီလီယမ်နဲ့ချီပြီး ငွေကြေး ဆုံးရှုံးသွားမှာပါ။ ZAD1222 ဟာ တကယ် အလုပ်ဖြစ်လာမလား ဆိုတာ မသေချာသေးပါဘူး။

Ref : tnw

%d bloggers like this: