Samsung Galaxy Tab S6 Lite ကို အိန္ဒိယမှာ ရောင်းပြီ

Samsung က Galaxy Tab S6 Lite ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပြီး ဒီဇိုင်နာနဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ တန်ဖိုးနည်း တက်ဘလက် ဖြစ်ပါတယ်။ LTE Model ကို ၃၁၉၉၉ ရူပီးနဲ့ WiFi Model ကို ၂၇၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၉ သောင်းနဲ့ ၅ သိန်း ၁ သောင်းလောက် အသီးသီး ရှိပါတယ်။ သူ့မှာ ၁၀.၄ လက်မ TFT မျက်နှာပြင် တပ်ဆင်ထားပြီး 2000x1200p WUXGA+ ဖြစ်ပါတယ်။ Exynos 9611 Chipset မောင်းနှင်ထားပါတယ်။

သူ့ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး S-Pen ၊ အရွယ်ကြီး ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ 4GB RAM , 128GB Storage ပါလာပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု OneUI 2 မောင်းနှင်ထားပြီး အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ထည့်သွင်းထားပါတယ်။ Dual-band WiFi , Bluetooth 5.0 , 4G LTE တွေ ပါလာပြီး 7040mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Samsung Galaxy Tab S6 Lite (Sm-P615) specifications

• 10.1-inch (2000 x 1200 pixel) TFT display
• Octa-Core (Quad 2.3GHz + Quad 1.7GHz) processor
• 4GB RAM, 64GB / 128GB storage, expandable memory up to 1TB with microSD
• Android 10 with OneUI 2
• 8MP rear camera
• 5MP front-facing camera
• Dimensions: 244.5 x 154.3 x 7.07 mm ; Weight:467g
• 4G LTE, WiFi 802.11 ac (2.4GHz/5GHz), Wi-Fi Direct, Bluetooth 5.0, GPS, GLONASS, USB 2.0 Type-C
• 7040mAh battery (typical)

Samsung Galaxy Tab S6 Lite အတွက် Oxford Grey , Angora Blue နဲ့ Chiffon Pink အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : fonearena

%d bloggers like this: