တန်ဖိုးနည်း OPPO A12 ကို အိန္ဒိယမှာ ရောင်းပြီ

OPPO က A Series အသစ် ဖြစ်တဲ့ A12 ကို ဧပြီလက ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို အိန္ဒိယမှာ မြေပြင်စတိုးများစွာကနေ ရောင်းချပေးလိုက်ပါတယ်။ 3/32GB Model ကို ၉၉၉၀ ရူပီးနဲ့ 4/64GB Model ကို ၁၁၄၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၈ သောင်းနဲ့ ၂ သိန်း ၁ သောင်းလောက် အသီးသီး ရှိပါတယ်။

သူ့မှာ ၆.၂ လက်မ HD+ Waterdrop Notch မျက်နှာပြင် တပ်ဆင်ထားပြီး Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Octa-core MediaTek Helio P35 SoC မောင်းနှင်ထားပြီး 4GB RAM ပါပါတယ်။

Android Pie အခြေပြု ColorOS ပဲ ပါတာက သိပ်မမိုက်ပါဘူး။ အနောက်ဘက်မှာ 13MP နဲ့ 2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Dual SIM နဲ့ microSD Slot တွေ ပါပါတယ်။ 4,230mAh ဘက်ထရီက တော်တော် အသုံးခံမှာပါ။ အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပါတယ်။

OPPO A12 Specifications:

• 6.22-inch (1520 × 720 pixels) HD+ display with Waterdrop Notch, Corning
Gorilla Glass 3 protection
• Octa Core MediaTek Helio P35 12nm processor (ARM Cortex A53 CPU) with IMG PowerVR GE8320 GPU
• 3GB RAM with 32GB storage / 4GB RAM with 64GB storage, expandable memory up to 256GB with microSD
• Android 9.0 (Pie) with ColorOS 6.1
• 13MP rear camera with f/2.2 aperture, 2MP secondary camera with f/2.4 aperture
• 5MP front-facing camera with f/2.4 aperture
• Dual SIM
• Fingerprint sensor
• 3.5 mm audio jack, FM Radio
• Dimensions: 155.9 x 75.5 x 8.3mm; Weight: 165g
• 4G VoLTE, WiFi 802.11 b/g/n, Bluetooth 4.2, GPS/GLONASS, Micro USB Port
• 4230mAh battery

Ref : fonearena

%d bloggers like this: