၂၀၂၆ ခုနှစ်မှာ Delivery Drone ၁ သန်းကျော် ရှိလာမည်

Gartner ရဲ့ စစ်တမ်းအရ ၂၀၂၆ ခုနှစ်မှာ Delivery Drone ၁ သန်းကျော် ရှိလာမှာ ဖြစ်ပြီး ၁ ရက်ကို Delivery ၂ သောင်းလောက် ရှိလာမယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါကြောင့် Drone တွေဟာ အရမ်းကို အသုံးဝင်လာပါတယ်။ Gartner က အာဏာပိုင်တွေ Drone ကို ပို အသုံးချလာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရက်စ် ကာလမှာ Drone နဲ့ ဆေးဝါးတွေ ပေးပို့ခဲ့ကြပြီး ဂါနာ၊ ရဝမ်ဒါ၊ ချီလီနဲ့ စကော့တလန်တို့မှာ စမ်းသပ်ခဲ့ကြပါတယ်။ FAA က ခွင့်ပြုပြီးနောက်မှာ မကြာခင်က PPE နဲ့ ဆေးဝါးတွေကို ကျန်းမာရေးဝန်ထမ်းတွေအတွက် Drone တွေနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်၊ ရှားလော့မှာ ပေးပို့ပေးနေကြပါတယ်။

ကပ်ရောဂါ ကာလအတွင်း ကမ္ဘာအဝန်းမှာ လူတွေ လမ်းမတွေပေါ် မသွားအောင် Drone တွေနဲ့ စစ်ဆေးနေကြပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ တရုတ်မှာ ပိုးသတ်ဆေးဖြန်းတာတွေကို ပြုလုပ်နေကြပါတယ်။ Drone တွေဟာ ကုန်ပစ္စည်း သယ်ဆောင်ရာမှာလည်း အရမ်းမြန်ပြီး ကားလမ်းပိတ်ဆို့မှု နည်းပါးစေပါတယ်။

DHL က Drone နဲ့ ကုန်ပစ္စည်း ပို့ဆောင်မှုကို တရုတ်မှာ ပြီးခဲ့တဲ့နှစ်က စတင် ပြုလုပ်ပေးခဲ့ပါတယ်။ DHL က ဒီနည်းလမ်းဟာ ၈ ကီလိုမီတာ အကွာအဝေးအတွက် ၈ မိနစ်အထိ အချိန်ကုန် သက်သာစေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခရီးစဉ်တစ်ကြောင်းမှာ ကုန်ကျစားရိတ် ၈၀ ရာခိုင်နှုန်း အထိ သက်သာစေပါတယ်။

Ref : tnw

%d bloggers like this: