iPhone 11 Series မျက်နှာပြင်မှာ အစိမ်းရောင်သမ်းတဲ့ ပြဿနာ ဖြစ်ပွားနေ

iPhone User တချို့က Unlock လုပ်ပြီးနောက် စက္ကန့်အနည်းငယ်အကြာအထိ မျက်နှာပြင်မှာ အစိမ်းရောင်သမ်းတဲ့ ပြဿနာ ဖြစ်နေတယ်လို့ ပြောနေကြပါတယ်။ ဒီပြဿနာ ဖြစ်စေတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ Reddit နဲ့ MacRumors တို့မှာ တင်ထားတဲ့ ပို့စ်တွေအရ အဲဒီလို ဖြစ်နေတဲ့ ဖုန်းတွေဟာ iPhone 11, 11 Pro နဲ့ 11 Pro Max တို့ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ iPhone X နဲ့ XS User တွေမှာလည်း ဒီပြဿနာ ဖြစ်နေပါတယ်။

User တော်တော်များများက Dark Mode နဲ့ Night Shift ကို ဖွင့်ထားချိန်၊ အမှောင်ခန်းထဲမှာ ရှိနေချိန်တွေမှာ ဒီပြဿနာ ဖြစ်နေတယ်လို့ ပြောနေကြပါတယ်။ တချို့ကလည်း iOS 13.4 တင်ပြီးနောက်၊ တချို့ကလည်း iOS 13.5 တင်ပြီးနောက်မှာ အဲဒီလို ဖြစ်သွားတာလို့ ပြောနေကြပါတယ်။

User ၁ ယောက်က iOS 13.5.5 တင်ပြီးနောက် အစိမ်းရောင်သမ်းတာ ပျောက်သွားတယ်လို့ ပြောပါတယ်။ အဲဒီ ဗားရှင်းဟာ လက်ရှိမှာ Beta အဆင့်ပဲရှိသေးပြီး အဲဒီပြဿနာဟာ ဆော့ဖ်ဝဲကြောင့် ဖြစ်နိုင်ပါတယ်။ Apple က ဒီပြဿနာ အကြောင်းကို မပြောသေးပါဘူး။ ဆော့်ဖ်ဝဲ ပြဿနာကြောင့် ဆိုရင် Apple ဟာ Update နဲ့ ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။

Ref : engadget

%d bloggers like this: