AMOLED Color မျက်နှာပြင် ပါတဲ့ OPPO Band ကို ကြေညာ

OPPO က သူ့ရဲ့ ပထမဆုံး Fitness Band ကို ကြေညာလိုက်ပါတယ်။ OPPO Band လို့ နာမည်ပေးထားပြီး ၁.၁ လက်မ AMOLED Color မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Band Face ပေါင်း ၁၆၀ ကျော် ထည့်သွင်းထားပြီး အားကစားလှုပ်ရှားမှု ၁၂ မျိုးကို တိုင်းတာပေးနိုင်ပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်တဲ့ အတွက် ရေကူး၊ ရေငုပ်ရင် အိုကေပါတယ်။ ဘက်ထရီ သက်တမ်းက ၁၄ ရက် ဖြစ်ပါတယ်။

OPPO က ဖက်ရှင်ကျတဲ့ မော်ဒယ်တွေကိုလည်း ထုတ်လုပ်ပေးထားပြီး Stainless Steel Body တပ်ဆင်ထားပါတယ်။ ရိုးရိုး မော်ဒယ်တွေမှာ ပလတ်စတစ် Body ပဲ ပါပါတယ်။ NFC Support ပါပြီး ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာတာနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တွက်ချက်တာတွေပါတဲ့ အတွက် ကျန်းမာရေး လိုက်စားသူတွေအတွက် အရမ်း ကောင်းပါတယ်။

OPPO Band specifications

• 1.1-inch (126 x 294 pixels) AMOLED 24bit color touch screen 2.5D display with 100% P3 color gamut, 2.5D scratch-resistant glass
• Shows notifications from apps, for calls, messages and more
• Silent alarm, Weather, Music control, instant location lock from phone
• 12 sports modes (Outdoor run, Outdoor cycling, Outdoor walking, Indoor Cycling, Indoor running, Fat loss running, Free training, Badminton, Swimming, Rowing machine, Elliptical machine and weight training)
• Rewards for activities such as steps count, minutes and more
• Heart rate sensor, Sp02 sensor for blood oxygen monitoring
• Tri-axis Accelerometer
• 10.3g (without band)
• 5ATM (50 meters) water resistant
• Bluetooth 5.0 LE to connect to Android and iOS devices, NFC (Only in Fashion version)
• 100mAh battery with up to 14 days of usage

အနက်နဲ့ ပန်းရောင် ထုတ်လုပ်ထားပြီး ၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သောင်း ၉ ထောင်လောက်ပဲရှိပြီး တရုတ်မှာ ရောင်းပေးနေပါပြီ။ OPPO Band Fashion Edition အတွက် အနက်နဲ့ ရွှေရောင် ထုတ်လုပ်ထားပြီး ၂၄၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သောင်း ၉ ထောင်လောက် ရှိပြီး နောက်လ ၉ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: