LG Velvet အတွက် အရောင် အသစ် ထွက်လာပြီ

LG Velvet ကို မေလ အစောပိုင်းမှာ ကြိုတင်မှာယူခွင့်ပေးခဲ့ပါတယ်။ အရောင် ၄ မျိုုး ကြေညာထားပေမယ့် Blue , Red နဲ့ Pink ၃ ရောင်ပဲ ဝယ်ယူခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စတုတ္ထ အရောင် ဖြစ်တဲ့ Aurora Pink ကို ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် LG.com ကနေ ရောင်းချပေးတာမဟုတ်ဘဲ LG U+ မှာပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Aurora Red ကို အလိုရှိရင် KT Carrier ကနေ ရောင်းချပေးထားပါတယ်။ SK Telecom မှာ Blue အရောင်ကို ဝယ်ယူနိုင်ပါတယ်။ LG ရဲ့ မိခင်နိုင်ငံ တောင်ကိုရီးယားမှာ အရောင်တွေဟာ Carrier -exclusive ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ၄ ရောင်နဲ့ အီတလီမှာ ၃ ရောင်ပဲ ဝယ်ယူနိုင်ပါတယ်။

Velvet ဟာ LG ရဲ့ ဖုန်း စီးရီး အသစ် ဖြစ်ပြီး ဒီဇိုင်း အသစ် သုံးထားတဲ့ LG ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ အနောက်ဘက် ကင်မရာ ဒီဇိုင်းဟာ မိုးရေစက်ကျလာတဲ့ ပုံစံက ထူးခြားလှပပါတယ်။ LG က Velvet ဟာ ချောမွတ်မှုနဲ့ နူးညံ့မှုကို ရည်ရွယ်တယ်လို့ ပြောပြီး အဲဒီ စွမ်းရည် ၂ ခုဟာ ဖုန်းအသစ်ရဲ့ အဓိက အရာတွေ ဖြစ်လာပါတယ်။ LG ဟာ စမတ်ဖုန်း နယ်ပယ်မှာ ရုန်းကန်နေရတဲ့အတွက် G Series တွေ နေရာမှာ စွမ်းရည်သင့် Velvet Series တွေနဲ့ အစားထိုးဖို့ ကြိုးစားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: