၂ မိနစ်အတွင်း realme Watch အလုံးရေ ၁၅,၀၀၀ ရောင်းချရ

realme က သူ့ရဲ့ ပထမဆုံး စမတ်နာရီကို အိန္ဒိယမှာ မကြာခင်က ကြေညာခဲ့ပြီး အခုတော့ ၃,၉၉၉ ရူပီးနဲ့ ရောင်းပေးလိုက်ပါတယ်။ မြန်မာငွေ ၇ သောင်း ၃ ထောင်လောက် ရှိပြီး အနက်ရောင်ပဲ ထုတ်လုပ်ထားပါတယ်။ ပထမဆုံး အသုတ် ရောင်းပေးလိုက်တာ ဖြစ်ပြီး ၂ မိနစ်အတွင်း အလုံးရေ ၁၅,၀၀၀ ရောင်းချနိုင်ခဲ့တာက ချီးကျူးစရာပါ။ realme India Website နဲ့ Flipkart တို့ကနေ ရောင်းပေးခဲ့တာ ဖြစ်ပြီး နောက် ၁ သုတ်ကို ၉ ရက်နေ့မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

သူ့မှာ ၁.၄ လက်မ LCD Touch Screen ထည့်သွင်းထားပြီး 2.5D Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Watch Face ၁၂ ခု ပါလာပြီး realme Link App ကနေ Watch Face ၁၀၀ ကျော် သုံးနိုင်ပါတယ်။ ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာပေးပြီး သွေးတွင်း အောက်ဆီဂျင် ပါဝင်တဲ့ ပမာဏကို တွက်ချက်ပေးနိုင်ပါတယ်။ လက်ပတ်ကြိုးအတွက် အရောင်မျိုးစုံ ထုတ်လုပ်ထားပါတယ်။

အားကစား ၁၄ မျိုးကို တိုင်းတာပေးနိုင်ပြီး ခြေလှမ်းတွက်ချက်တာ အရမ်းကို တိကျတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး ဖုန်းဝင်လာရင်၊ Message ဝင်လာရင် စမတ်နာရီကနေ သိနိုင်ပါတယ်။ IP68 စံနှုန်း ရှိပြီး ရေစိုခံနိုင်ပါတယ်။ 160mAh ဘက်ထရီ ပါလာပြီး ၉ ရက်တောင် အသုံးခံပါတယ်။

realme Watch specifications

• 1.4-inch (320×320 pixels) 323 PPI touch color LCD screen with 380 nits brightness, 2.5D Corning Gorilla Glass 3 protection
• 3-axis accelerometer, Heart rate sensor, Rotor Vibration motor
• Bluetooth 5.0 to connect to Android 5.0+ devices with realme Link app
• 14 Sports modes: Outdoor Run, Walk, Indoor Run, Outdoor Cycle, Aerobic Capacity, Strength Training, Football, Basketball, Table Tennis, Badminton, Indoor Cycle, Elliptical, Yoga, and Cricket
• Automated Heart Rate Measurement, 24-hour Real-time Heart Rate, Blood Oxygen (SpO2) Measurement, Sleep Detection, Steps, Calories, Distance, Water Reminder, Sedentary Reminder, Activity Records
• Music Control, Camera Control, Weather Forecast, Automatic Motion Recognition (Running/Walking)
• Call Notification, Message Reminder, Alarm Reminder
• Water Resistant (IP68)
• Dimensions: 36.5×11.8x256mm; Weight: 31g
• 160mAh battery with 7 days battery life with heart rate monitor on, 9 days with heart rate monitor off, 20 days on power saving mode

Ref : fonearena

%d bloggers like this: