တန်ဖိုးနည်း ၈ လက်မ Huawei MediaPad C3 ရဲ့ သတင်းထွက်ပေါ်လာ

Huawei ရဲ့ တန်ဖိုးနည်း တက်ဘလက် အသစ် ၁ လုံးရဲ့ ဓါတ်ပုံနဲ့ Specs တွေ တရုတ်မှာ ထွက်ပေါ်လာပါတယ်။ MediaPad C3 လို့ နာမည်ပေးထားပြီး တရုတ်အတွက် MatePad T8 ကို မွမ်းမံထားတာ ဖြစ်နိုင်ပါတယ်။ MediaPad C3 မှာ ၈ လက်မ IPS LCD 1280x800p မျက်နှာပြင် ထည့်သွင်းထားပြီး 16:10 Aspect Ratio ရှိပါတယ်။ အရှေ့ဘက်မှာ 2MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။

MediaPad C3 မှာ MediaTek MT8768 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM နဲ့ 32GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး 5,100mAh ဘက်ထရီ ပါလာပါတယ်။ microUSB ပဲ ပါတာက သိပ်မမိုက်ပါဘူး။

MediaPad C3 မှာ Android 10 အခြေပြု EMUI 10 မောင်းနှင်ထားမယ်လို့ ထင်ပါတယ်။ အဲဒီ တက်ဘလက်မှာ Bluetooth 5.0 နဲ့ Dual-band WiFi ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး ဓါတ်ပုံမှာ Deepsea Blue အရောင်ကို ပြသထားပါတယ်။ ယွမ် ၁,၅၀၀ နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၂ သိန်း ၉ သောင်းလောက်ပဲ ရှိပါတယ်။

Ref : gsmarena

%d bloggers like this: