Galaxy Note 20 နဲ့ Galaxy Fold 2 ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာနိုင်

Galaxy Note 20 နဲ့ Galaxy Fold 2 ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်လာပြီး ကိုရိုနာဗိုင်းရက်စ်ကြောင့် အွန်လိုင်းကနေပဲ မိတ်ဆက်မှာပါ။ သူတို့ရဲ့ ဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။

Galaxy Fold 2 မှာ နည်းပညာ အသစ်ဖြစ်တဲ့ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုပေါ်နေတဲ့ Punch Hole ဆိုတာ မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ကင်မရာ တပ်ဆင်ထားတာပါ။

သူ့မှာ ၇.၅၉ လက်မ 2213×1689 အတွင်းဘက် မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီအတွက် လက်ရှိ Fold ထက် အနည်းငယ် ပိုကြီးလာမှာဖြစ်ပြီး Resolution က ပိုမြင့်လာမှာပါ။ Galaxy Z Flip မှာလို Ultra Thin Glass (UTG) ဖုံးအုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် S Pen လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရင်မျိုးဆက်နဲ့ ဈေးနှုန်း တူနိုင်ပြီး ဖြန့်ထားရင် ၇.၇ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။

အရင် သတင်းတွေအရ Galaxy Fold 2 ရဲ့ ခေါက်ချိုး ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူပြီး Galaxy Z Flip မှာလို ဒေါင်လိုက် ခေါက်ချိုး ဒီဇိုင်း မဟုတ်ပါဘူး။ 108MP ပင်မ ကင်မရာ ပါလာနိုင်ပြီး Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။ 5G Support ပါလာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: