realme X3 ကို Google Play Console မှာ တွေ့ရပြီ

realme က X3 SuperZoom ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပေမယ့် ရိုးရိုး X3 ကို လျှို့ဝှက်ထားပါသေးတယ်။ အခုတော့ realme X3 ကို Google Play Console မှာ တွေ့လာရပြီ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တချို့ကို သိလာရပါပြီ။

realme X3 မှာ SuperZoom မှာလို Snapdragon 855+ Chipset မောင်းနှင်ထားပြီး RAM က နည်းပါးသွားပါတယ်။ 12GB RAM အစား 8GB RAM ပဲ ထည့်ထားပါတယ်။ Play Console မှာ အဲဒီ သတင်းအချက်အလက်ကို မဖော်ပြထားပေမယ့် အဲဒီ စမတ်ဖုန်းမှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးက 1080x2400p ဖြစ်ပါတယ်။ SuperZoom မှာလို 120Hz Refresh Rate ပါမလားဆိုတာ မသိရသေးပါဘူး။ Android 10 ပါလာမှာ သေချာပါတယ်။

X3 Version ၃ လုံး ရှိပြီး RMX2081L1, RMX2085L1, RMX2086L1 တို့ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း အားလုံးမှာ တူညီတဲ့ Specs တွေ ပါမယ်လို့ Play Console မှာ ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်း အားလုံးကို အိန္ဒိယရဲ့ BIS မှာ မှတ်ပုံတင်ထားပြီး ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။
5G ပါတဲ့ X3 မော်ဒယ်တွေရဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် X50 Series တွေ ဖြစ်နေခဲ့ပါတယ်။ TENAA မှာ Snapdragon 765G Chipset ပါတဲ့ RMX2142 ကို မှတ်ပုံတင်ထားပြီး အဲဒါဟာ realme X50m ဖြစ်နေခဲ့ပါတယ်။ Snapdragon 865 ပါတဲ့ RMX2072 X3 Pro ဟာ realme X50 Pro Player ဖြစ်နေခဲ့ပါတယ်။ realme X3 စမတ်ဖုန်းတွေက RMX208xL1 ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: