Samsung က အိန္ဒိယမှာ Galaxy M01 ကို ကြေညာ

Samsung က Galaxy M01 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး Samsung စတိုး၊ Samsung.com ၊ Amazon India နဲ့ Flipkart ကနေ ဝယ်ယူနိုင်ပါပြီ။ Galaxy M01 မှာ ၅.၇ လက်မ HD+ Infinity-V မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch ပါလာပါတယ်။ Snapdragon 439 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Storage ထည့်ထားပါတယ်။

4,000mAh ဘက်ထရီ ပါလာပြီး Fast Charging မပါပါဘူး။ 13MP Wide နဲ့ 2MP Depth ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ 5MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ ၈,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၆ သောင်းလောက်ရှိပါတယ်။ အနက်၊ အပြာနဲ့ အနီရောင် ထုတ်လုပ်ထားပြီး တခြားနိုင်ငံမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Samsung က Galaxy M01 အပြင် Galaxy M11 ကိုလည်း ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၄ လက်မ HD+ Infinity-O LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 720x1560p Resolution ဖြစ်ပြီး Octa-Core Snapdragon 450 မောင်းနှင်ထားပါတယ်။ ၁၀,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်းလောက်ရှိပါတယ်။

512GB microSD Card စိုက်နိုင်ပါတယ်။ ခေတ်စားနေတဲ့ Punch Hole ပါလာပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 13MP , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Android အခြေပြု OneUI မောင်းနှင်ထားပြီး Android Version ကို မသိရသေးပါဘူး။ 15W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ အနက်၊ အပြာနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။

Samsung Galaxy M11 specifications

• 6.4-inch (1560 × 720 pixels) HD+ LCD TFT display
• 1.8GHz Octa-Core processor
• 3GB RAM with 32GB storage / 4GB RAM with 64GB Storage, expandable up to 512GB via micro SD card
• OneUI based on Android OS
• Dual SIM + dedicated microSD slot
• 13MP f/1.8 (primary) + 5MP f/2.2 (115-degree ultra-wide) + 2MP f/2.4 (depth camera)
• 8MP front camera with f/2.0 aperture
• Physical fingerprint scanner, Face Unlock
• Dimension: 161.4 x 76.3 x 9.0 mm; Weight: 197g
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2, USB Type-C, GPS + GLONASS
• 5000mAh (typical) battery; 15W charging

Ref : fonearena , gsmarena

%d bloggers like this: