Amazfit Bip S စမတ်နာရီကို အိန္ဒိယမှာ ရောင်းပြီ

ဇန်နဝါရီလမှာ မိတ်ဆက်ခဲ့တဲ့ Amazfit Bip S စမတ်နာရီကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ ၄,၉၉၉ ရူပီး သတ်မှတ်ထားပြီး Red Orange, Warm Pink, White Rock နဲ့ Carbon Black ၄ ရောင်ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် အိန္ဒိယ ဝက်ဘ်ဆိုက်၊ Amazon.in ၊ Flipkart နဲ့ Myntra တို့ကနေ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး မြန်မာငွေ ၉ သောင်း ၂ ထောင်လောက်ပဲရှိပါတယ်။

စမတ်နာရီမှာ ၁.၂၈ လက်မ Transflective Always-on Color Touch မျက်နှာပြင် တပ်ဆင်ထားပြီး 176x176p Resolution ရှိပါတယ်။ 2.5D Corning Gorilla Glass 3 ဖုံးအုပ်ထားပြီး Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Edit လုပ်နိုင်တဲ့ Watch Faces ၂ ခုထည့်ထားပြီး Watch Face Store ကနေ အခု ၄၀ ကျော် Download လုပ်နိုင်ပါတယ်။

Amazfit OS မောင်းနှင်ထားပြီး Android 5.0 နဲ့ iOS 10.0 နဲ့ အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ စွမ်းရည် ပါလာပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ ရေကူးတာ အပါအဝင် အားကစား ၁၀ မျိုးကို တိုင်းတာပေးနိုင်ပြီး သင့် ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးမယ့် Huami-PAI Health Assessment System ပါလာပါတယ်။

Bluetooth 5.0 , GPS , Sleep Tracking, Weather Forecast နဲ့ Music Control တွေ ထည့်ထားပါတယ်။ 200mAh ဘက်ထရီ ထည့်ထားပြီး ကုမ္ပဏီက သိပ်မသုံးရင် ရက် ၄၀ နဲ့ သာမာန် သုံးရင် ၁၅ ရက် အသုံးခံတယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: