Vivo X50 , X50 Pro နဲ့ X50 Pro+ ရဲ့ Promo Video တွေကို မျှဝေ

အသစ်စက်စက် ကြေညာထားတဲ့ Vivo X50 Series ၃ လုံးရဲ့ ပထမဆုံး Promo Video တွေကို Vivo က မျှဝေလိုက်ပါတယ်။ ပထမဆုံး Video မှာ Vivo X50 Pro ရဲ့ Gimbal စတိုင် ကင်မရာ Stabilization ကို အသားပေး ပြသထားပါတယ်။ X50 Pro မှာ 48MP Sony IMX598 Sensor ကို သုံးထားပါတယ်။

နောက် Video ၁ ခုမှာ X50 Pro+ ရဲ့ 50MP Samsung GN1 ကို အသားပေး ဖော်ပြထားပါတယ်။ သူ့မှာ Gimbal လုပ်ဆောင်ချက် မပါပေမယ့် Pro မော်ဒယ် ၂ လုံးစလုံးမှာ Periscope ကင်မရာနဲ့ 50mm Portrait ကင်မရာ (2x Zoom) ပါလာပါတယ်။ အနောက်ဘက် သားရေ ဒီဇိုင်းက လန်းပါတယ်။

နောက် Video ၁ ခုမှာ X50 Pro ရဲ့ Jovi Digital Assistant အကြောင်းကို ပြသထားပါတယ်။

နောက် Video ၁ ခုမှာ X50 Pro အကြောင်းကိုပဲ ပြထားပါတယ်။

X50 ရဲ့ Video မပါလာသေးပါဘူး။
Vivo က နောက်ထွက်မယ့် Android 11 အခြေပြု Vivo FuntouchOS 11 ရဲ့ လုပ်ဆောင်ချက် အသစ်တွေကို နောက် Video ၁ ခုမှာ ပြသထားပါတယ်။

Ref : gsmarena

%d bloggers like this: