Sony က ဆန္ဒပြမှုတွေကြောင့် ဇွန်လ ၄ ရက် PlayStation 5 မိတ်ဆက်ပွဲကို နောက်ဆုတ်

Sony က နောက်မျိုးဆက် အလန်းစား ဂိမ်းစက်ဖြစ်တဲ့ PlayStation 5 ကို ၄ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားပေမယ့် အခုတော့ အမေရိကန်မှာ George Floyd နဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေ ပြင်းထန်နေတဲ့အတွက် မိတ်ဆက်ပွဲကို နောက်ဆုတ်မယ်လို့ ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် မိတ်ဆက်ပွဲကို အွန်လိုင်းကနေပဲ ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် အခုတော့ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့အတွက် ပွဲကျင်းပဖို့ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။


Sony က ဇွန်လ ၄ ရက်နေ့ မိတ်ဆက်ပွဲမှာ PlayStation 5 မှာ ကစားလို့ရမယ့် ဂိမ်းတွေကိုလည်း ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။ Sony က PlayStation 5 ကို တရားဝင် မကြေညာရသေးပေမယ့် သူ့ရဲ့ ဟာ့ဒ်ဝဲနဲ့ လုပ်ဆောင်ချက်တွေကို မတ်လက ပြောကြားခဲ့ပါသေးတယ်။ Sony က ဂိမ်းစက် မိတ်ဆက်မယ့် နေ့ကို မပြောသေးပါဘူး။

ရဲ လက်ထဲမှာ အသက်သေဆုံးသွားတဲ့ လူမည်း အမျိုးသား George Floyd နဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတွေကြောင့် ပွဲ အခမ်းအနား ဖျက်သိမ်းခဲ့ရတာ Sony ၁ ခုထဲ မဟုတ်ပါဘူး။ အမေရိကန် အခြေစိုက် ဗီဒီယို ဂိမ်း ကုမ္ပဏီ Electronic Arts (EA) ကလည်း Madden NFL 21 ဘောလုံး ဗီဒီယို ဂိမ်း မိတ်ဆက်ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။


နည်းပညာ ကုမ္ပဏီတွေဟာ အသား အရောင် ခွဲခြား ဆက်ဆံခံရမှုအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသနေကြပြီး YouTube နဲ့ Facebook တို့ဟာ အသား အရောင် ခွဲခြားမှု ဆန့်ကျင်ရေးအတွက် ဒေါ်လာ ၁ သန်းနဲ့ ၁၀ သန်း အသီးသီး လှူဒါန်းခဲ့ပါတယ်။ Twitter က အနက်ရောင် ပရိုဖိုင် ဓါတ်ပုံ ပြောင်းခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: