Vivo TWS Earphone Neo ကို ကြေညာပြီ

Vivo က TWS Earphone Neo ကို ကြေညာလိုက်ပြီး 4th Gen Qualcomm Chip မောင်းနှင်ထားပါတယ်။ Bluetooth 5.2 နည်းပညာ ပါလာပြီး aptX Adaptive ထောက်ပံ့ထားပါတယ်။ Latency နည်းတဲ့အတွက် အသံနောက်ကျတာ သိပ်မဖြစ်ပါဘူး။ အဲဒီအတွက် ဂိမ်း ကစားရင် ၊ ဖုန်း ပြောရင် မိုက်ပါတယ်။

14.2mm Drivers ထည့်ထားပြီး DeepX Modes ကနေ သင့် စိတ်ကြိုက် အသံကို ချိန်ညှိနိုင်ပါတယ်။ ဖုန်း ပြောနေချိန်မှာ ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ အသံဆူညံမှုကို လျှော့ချပေးနိုင်ပြီး IP54 စံနှုန်း ပါတဲ့အတွက် ချွေးစိုတာခံနိုင်သလို မိုးရွာရင်လည်း ဝတ်ထားနိုင်ပါတယ်။ နားကြပ်မှာ Touch Controls တွေ ပါလာပြီး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ပါတယ်။ Vivo ဖုန်းတွေနဲ့ အလိုလို ချိတ်ဆက်နိုင်ပါတယ်။

နားကြပ်ရဲ့ ဘက်ထရီ သက်တမ်းက AAC Codec ကို သုံးရင် ၅ နာရီခွဲ ခံပြီး aptX Adaptive ကို သုံးရင်တော့ ၄ နာရီလောက်ပဲ အသုံးခံပါတယ်။ Charging Case ရဲ့ ဘက်ထရီကို သုံးရင် စုစုပေါင်း ၂၇ နာရီတောင် အသုံးခံတာက မိုက်ပါတယ်။ Case ကို USB-C Port ကနေ အားသွင်းနိုင်ပါတယ်။

Vivo TWS Earphone Neo ကို တရုတ်မှာ ၅၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉ သောင်း ၈ ထောင်လောက်ရှိပါတယ်။ Vivo အွန်လိုင်းစတိုးကနေ တရုတ်မှာ ရောင်းပေးနေပါပြီ။

Ref : gsmarena

%d bloggers like this: