48MP ကင်မရာ ပါတဲ့ ZTE Axon 11 SE 5G ကို ကြေညာပြီ

ZTE က 5G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Axon 11 SE 5G လို့ နာမည်ပေးထားပြီး ၆.၅၃ လက်မ Full HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Screen-to-body Ratio မှာ ၉၀.၈ ရာခိုင်နှုန်းရှိတဲ့အတွက် ဒီဇိုင်း လန်းပါတယ်။ Octa-core MediaTek Dimensity 800 မောင်းနှင်ထားပြီး ZBooster 2 ပါတဲ့အတွက် လျှင်မြန်သွက်လက်မှာပါ။

8GB RAM အထိ ရွေးချယ်နိုင်ပြီး 5G ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါပါတယ်။ လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ ထည့်သွင်းထားပြီး 18W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါပါတယ်။

ZTE Axon 11 SE 5G specifications

• 6.53-inch (1080 × 2340 pixels) Full HD+ LCD screen with 97% NTSC color gamut
• Octa Core (4 x 2GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800 (MT6873V) 7nm processor
• 6GB / 8GB LPDDR4X RAM with 128GB / 256GB (UFS 2.1) storage
• Android 10 with MiFlavor 10.1
• Dual SIM
• 48MP rear camera with f/1.79 aperture, LED flash, 8MP 120° ultra-wide angle camera with f/2.2, 2MP macro and 2MP portrait camera with f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Rear-mounted fingerprint sensor
• Dimensions: 162.7 x 76.3 x 8.8mm
• 3.5mm audio jack, 1cc speaker, Smart PA, DTS:X Ultra
• 5G (SA/ NSA) / Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4000mAh battery with 18W fast charging

အပြာနဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး 6/128GB ကို ၁၉၉၈ ယွမ်နဲ့ 8/128GB ကို ၂၂၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: