၅ မိနစ်အတွင်း အလုံးရေ ၅ သောင်းလောက် ရောင်းချနိုင်ခဲ့တဲ့ Redmi 10X

Redmi 10X 5G နဲ့ 10X Pro 5G ကို မကြာခင်က ကြေညာခဲ့ပြီး အခုတော့ တရုတ်မှာ Redmi 10X 5G ကို ရောင်းပေးလိုက်ပါပြီ။ ၅ မိနစ်အတွင်း ယွမ် သန်း ၁၀၀ ဖိုး ရောင်းချနိုင်ခဲ့ပြီး အလုံးရေ ၅ သောင်းလောက် ရှိနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် သန်း ၂ သောင်းဖိုးလောက် ရှိတဲ့အတွက် ရောင်းအားက ဖလန်းဖလန်းထနေပါတယ်။ Pro Version ကို ၆ ရက်နေ့ကျမှ ရောင်းမှာပါ။ သူတို့ရဲ့ဈေးတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

• Redmi 10X
o 6GB + 64GB: 1,599 yuan (~$224) (၃ သိန်း ၁ သောင်း ဝန်းကျင်)
o 6GB + 128GB: 1,799 yuan (~$252) ( ၃ သိန်း ၅ သောင်း ဝန်းကျင်)
o 8GB + 128GB: 2,099 yuan (~$294) ( ၄ သိန်း ၁ သောင်း ဝန်းကျင်)
o 8GB + 256GB: 2,399 yuan (~$336) ( ၄ သိန်း ၇ သောင်း ဝန်းကျင်)
o Colors: Blue, Violet, Gold
• Redmi 10X Pro
o 8GB + 128GB: 2,399 yuan (~$336) ( ၄ သိန်း ၇ သောင်း ဝန်းကျင်)
o 8GB + 256GB: 2,599 yuan (~$364) ( ၅ သိန်း ၁ သောင်း ဝန်းကျင်)
o Colors: Blue, Violet, Gold


Redmi 10X 5G , 10X Pro 5G ကို တရုတ်မှာ မကြာခင်က ကြေညာခဲ့ပါတယ်။ Redmi 10X 5G Series မှာ ၆.၅၇ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာပြီး MediaTek Dimensity 820 SoC မောင်းနှင်ထားပါတယ်။ 5G ဆက်သွယ်မှု ပါလာပြီး Dual SIM 5G Support ထောက်ပံ့ထားပါတယ်။

10X နဲ့ 10X Pro မှာ 48MP Main နဲ့ 8MP Ultrawide ကင်မရာပါပေမယ့် Pro မှာပဲ 8MP Telephoto 3x Optical Zoom, 5x Hybrid Zoom, 30x Digital Zoom ) ကင်မရာ ပါပါတယ်။ Pro မှာ 5MP Macro ကင်မရာထည့်ထားပါတယ်။ ရိုးရိုးမှာ 2MP Depth ကင်မရာ ပါပေမယ့် Macro နဲ့ Telephoto မပါပါဘူး။ ဖုန်း ၂ လုံးစလုံးမှာ 4520mAh ဘက်ထရီ ပါလာပြီး 10X 5G မှာ 22.5W နဲ့ Pro မှာ 33W ထောက်ပံ့ထားပါတယ်။

Redmi 10X 5G and 10X Pro 5G specifications

• 6.57-inch (2400 × 1080 pixels) Full HD+ AMOLED display with 600 nits brightness / 800 nits peak brightness, HDR 10+, DC dimming
• 2.6GHz Octa Core MediaTek Dimensity 820 processor with Mali-G57 MC5 GPU
• 10X Pro 5G – 8GB LPDDR4X RAM with 128GB (UFS 2.1) / 256GB (UFS 2.1) storage
• 10X 5G – 6GB LPDDR4X RAM with 64GB / 128GB (UFS 2.1) / 8GB RAM with 128GB / 256GB (UFS 2.1) storage
• Dual SIM
• Android 10 with MIUI 11, upgradable to MIUI 12
• 10X Pro 5G – 48MP rear cameras with PDAF, EIS, 0.8μm pixel size, LED flash, EIS, 8MP telephoto lens with OIS for 3x optical zoom, 5x hybrid zoom, 30x digital zoom, 8MP 119° ultra-wide angle lens, 5MP 2cm macro lens
• 10X Pro 5G- 20MP front camera with 78.5° FOV
• 10X 5G – 48MP rear cameras with PDAF, EIS, 0.8μm pixel size, LED flash, EIS, 8MP 119° ultra-wide angle lens, 2MP depth sensor
• 10X 5G- 16MP front camera
• In-display fingerprint sensor, IR sensor
• 3.5mm audio jack, 1217 Super linear speaker, Smart PA
• Dimensions: 164.16× 75.75×8.99mm; Weight: 205g (10X 5G) / 208g (10X Pro 5G)
• Water resistant (IP53)
• 5G SA / NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC (10X Pro 5G), USB Type-C
• 4520mAh (typical) battery with 33W (10X Pro 5G ) / 22.5W (10X 5G) fast charging
ဖုန်း ၂ လုံးစလုံးအတွက် White, Blue, Gold နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

ref : fonearena

%d bloggers like this: