COVID-19 ကာလ အတွင်း အရှေ့တောင်အာရှမှာ ရောင်းအား အကောင်းဆုံး ဖြစ်လာတဲ့ realme

realme က ၂၀၁၈ ခုနှစ် နောက်ဆုံး ၃ လမှာ အရှေ့တောင်အာရှ ဈေးကွက်ကို နယ်ချဲ့လာခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းက realme ဟာ အရှေ့တောင်အာရှ ဈေးကွက်ကို ကြီးစိုးလာခဲ့ပါတယ်။ အခုတော့ Counterpoint Research ရဲ့ စစ်တမ်းအရ ၂၀၂၀ ခုနှစ် ပထမ ၃ လ ကွာတားမှာ realme ဟာ ရောင်းအား အရမ်းခုန်တက်ခဲ့ပြီး အရင်နှစ်ကထက် ၁၇၃ ရာခိုင်နှုန်းတောင် တိုးတက်လာတာက ချီးကျူးစရာပါ။

realme ဟာ ၂၀၁၈ ခုနှစ်မှာ အိန္ဒိယဈေးကွက်ကို OPPO ရဲ့ ဘရန်းခွဲ အနေနဲ့ ဝင်ရောက်လာခဲ့ပြီး ၂၀၁၈ ခုနှစ် နောက်ဆုံး ၃ လ ကွာတားမှာ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့လို အရှေ့တောင်အာရှ နိုင်ငံတွေကို ဈေးကွက်ချဲ့ထွင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ပထမ ၃ လ ကွာတားမှာ realme ဟာ ဖိလစ်ပိုင်ကလွဲပြီး အထက်ဖော်ပြပါ နိုင်ငံတွေမှာ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၁၀ ခုစာရင်း ဝင်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ မြန်မာနိုင်ငံကို ဝင်ရောက်လာပြီး ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၁၀ ခုစာရင်းထဲပါအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ကွာတား ၂ မှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခုစာရင်းဝင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ကွာတား ၃ မှာ ဖိလစ်ပိုင် နိုင်ငံရဲ့ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၁၀ ခုစာရင်းဝင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ကွာတား ၄ မှာ realme ဟာ ဖိလစ်ပိုင်၊ မြန်မာနဲ့ ကမ္ဘောဒီးယားမှာ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခု စာရင်းဝင်ခဲ့ပြီး ကမ္ဘောဒီးယားကို အဲဒီအချိန်ကျမှ ပထမဆုံး ဝင်ရောက်ခဲ့တာပါ။ realme ဟာ ၁ နှစ်အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခုစာရင်းထဲဝင်နိုင်ခဲ့တာက ချီးကျူးစရာပါ။ ကိုဗစ်ကြောင့် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၀ ကွာတား ၁ မှာ ၁၃ ရာခိုင်နှုန်းနဲ့ အရှေ့တောင်အာရှမှာ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း realme ဟာ ၂၀၂၀ ကွာတား ၁ မှာ တစ်ကမ္ဘာလုံးနဲ့ အရှေ့တောင်အာရှမှာ ရောင်းအား အတိုးတက်ဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပြီး အရင်နှစ်ကထက် ၁၅၇ ရာခိုင်နှုန်းနဲ့ ၁၇၃ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါတယ်။

Ref : gizmochina

%d bloggers like this: