Redmi 9 , Redmi 9A နဲ့ Redmi 9C ရဲ့ Specs တွေ ထွက်ပေါ်လာ

Redmi Note 9 Series ကို တစ်ကမ္ဘာလုံးမှာ ရောင်းချပေးနေပြီ ဖြစ်ပေမယ့် Redmi 9 Series တွေ မထွက်လာသေးပါဘူး။ အခုတော့ တွစ်တာကနေ Redmi 9 Series ရဲ့ သတင်းအချက်အလက်တွေ ထွက်လာပါတယ်။ Redmi 9 , Redmi 9A နဲ့ Redmi 9C တို့ ဖြစ်ပြီး သူတို့မှာ ၆.၅၃ လက်မ LCD မျက်နှာပြင်နဲ့ 5MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။

Redmi 9A ဟာ ဈေးအချိုဆုံး စမတ်ဖုန်း ဖြစ်ပြီး Redmi 8 Series ထဲမှာလည်း Redmi 8A ဟာ ဈေးအပေါဆုံး ဖြစ်ပါတယ်။ Redmi 9A မှာ 13MP အနောက်ကင်မရာ၊ 5MP အရှေ့ကင်မရာနဲ့ 3/32GB Memory ထည့်ထားမှာပါ။ Helio G25 Chipset မောင်းနှင်ထားပြီး HD+ Resolution ရှိပါတယ်။

Redmi 9 မှာ Helio G70 Chipset မောင်းနှင်ထားပြီး အနောက်ဘက်မှာ 13MP , 8MP , 5MP နဲ့ 2MP ကင်မရာတွေ ထည့်ထားပါတယ်။ 4GB RAM နဲ့ 64GB Storage ပါလာမှာဖြစ်ပြီး ၁၆၀ နဲ့ ၁၈၀ ယူရိုအတွင်း ရောင်းချမှာပါ။ Redmi 9C မှာ အနောက်ကင်မရာ ၃ လုံး ထည့်ထားပြီး 13MP, 5MP နဲ့ 2MP တို့ ဖြစ်ပါတယ်။ Helio G35 Chipset မောင်းနှင်ထားပြီး ၁၃၀ ကနေ ၁၅၀ ယူရိုအတွင်း ရောင်းချနိုင်ပါတယ်။

ဖုန်း ၃ လုံးစလုံးမှာ USB-C Port ပါတဲ့အတွက် အားသွင်းရင် မြန်မှာပါ။ နားကြပ်ပေါက်၊ IR Blaster နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာတွေ ထည့်ထားမှာပါ။

Ref : gsmarena

%d bloggers like this: