Nokia က ၄၃ လက်မ 4K HDR LED Smart Android TV ကို အိန္ဒိယမှာ နောက်လ ၄ ရက်နေ့ ကြေညာမည်

Nokia နဲ့ Flipkart တို့က “ Make in India “ စီမံကိန်း တစ်စိတ်တစ်ပိုင်း အနေနဲ့ အိန္ဒိယမှာ Nokia ရဲ့ ပထမဆုံး စမတ်တီဗီကို အရင်နှစ် ဒီဇင်ဘာလက ချပြခဲ့ပါတယ်။ အခုတော့ အရွယ်အစား စုံလင်တဲ့ နောက်ထပ် မော်ဒယ်တွေကို မကြာခင် ချပြတော့မှာပါ။ Nokia က နောက်လ ၄ ရက်နေ့မှာ 4K Ultra HD TV ကို Flipkart ကနေ ကြေညာတော့မှာပါ။

Nokia က အဲဒီ တီဗီမှာ JBL ရဲ့ အသံစနစ်၊ DTS TruSurround ၊ Doby Audio နဲ့ Dolby Vision တွေ ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပြီး Android 9.0 မောင်းနှင်ထားမှာပါ။ Google Android TV Play Store ကနေ Apps တွေကို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Chromecast လည်း ထည့်ထားမှာ ဖြစ်ပါတယ်။

Nokia ရဲ့ ၅၅ လက်မ စမတ်တီဗီကို ၄၁,၉၉၉ ရူပီးနဲ့ ၄၃ လက်မ စမတ်တီဗီကို ၃၅,၀၀၀ ရူပီး သတ်မှတ်ထားမှာ ဖြစ်ပြီး မြန်မာငွေ ၇ သိန်း ၈ သောင်းနဲ့ ၆ သိန်း ၅ သောင်းလောက် အသီးသီးကျသင့်မှာပါ။ လာမယ့် ရက်ပိုင်းအတွင်းမှာ တရားဝင် သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။

Ref : fonearena

%d bloggers like this: