ဒီနှစ်ထုတ် iPhone အတွက် OLED ၈၀ ရာခိုင်နှုန်းကို Samsung ထုတ်လုပ်ပေးမည်

Samsung ကုမ္ပဏီ ၁ ခုထဲကပဲ ၂၀၂၀ ခုနှစ်ထုတ် iPhone အားလုံးရဲ့ OLED မျက်နှာပြင်တွေကို ထုတ်လုပ်ပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သတင်း အသစ်ထွက်လာပါတယ်။

Samsung ဟာ ဒီနှစ်ထုတ် iPhone အတွက် OLED အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကိုပဲ ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်လာပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို LG နဲ့ BOE တို့က ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Apple ဟာ ကုမ္ပဏီ ၁ ခုထဲကိုပဲ အားမကိုးချင်တဲ့အတွက် အခုလို တခြား ကုမ္ပဏီတွေကနေပါ ဝယ်ယူတာ ဖြစ်ပါတယ်။ Samsung ကိုပဲ အားကိုးနေရရင် သူပြုသမျှနုရမယ့် အနေအထား ရောက်သွားမှာပါ။

ဒါ့အပြင် ၂၀၂၀ ထုတ် iPhone တွေအတွက် OLED များစွာ လိုအပ်နေလို့ ဒီလို ကုမ္ပဏီများစွာနဲ့ ပူးပေါင်းတာ ဖြစ်ပါတယ်။ ဒီနှစ်ထုတ် iPhone အားလုံးမှာ OLED သုံးထားမယ်လို့ သတင်းထွက်နေတဲ့အတွက် Samsung ကုမ္ပဏီ ၁ ခုထဲကိုပဲ အားမကိုးတာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: