SpaceX က အာကာသသို့ လူတွေကို ပထမဆုံး အောင်မြင်စွာ ပို့ဆောင်နိုင်လိုက်တဲ့အတွက် ဒီနေ့ဟာ SpaceX ရဲ့ သမိုင်းမှတ်တိုင် ၁ ခု ဖြစ်လာခဲ့ပါတယ်။ နာဆာ အာကာသယာဉ်မှူး Doug Hurley နဲ့ Bob Behnken တို့ကို နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ပို့ဆောင်ပေးလိုက်တာဖြစ်ပြီး သူတို့ဟာ အဲဒီမှာ သတင်းပတ် ၆ ပတ်ကနေ ၁၆ ပတ်အထိ နေထိုင်ကြမှာပါ။ အာကာသသို့ ဒုံးပျံ လွှတ်တင်မှုကို မေလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပေမယ့် ရာသီဥတု ဆိုးဝါးမှုကြောင့် မအောင်မြင်ခဲ့ဘဲ အခုကျမှပဲ အောင်မြင်သွားတာပါ။
ဒီနေ့ အစောပိုင်းက နာဆာဟာ ရာသီဥတု မကောင်းလို့ ဒုံးပျံ လွှတ်တင်တာ ၅၀ ရာခိုင်နှုန်းပဲ အောင်မြင်နိုင်ခြေရှိတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ရာနှုန်းပြည့် အောင်မြင်သွားပြီ ဖြစ်ပြီး အာကာသယာဉ်မှူး ၂ ဦးဟာ ISS ကို မရောက်ခင် အာကာသထဲမှာ ၁၉ နာရီကြာ ခရီးသွားရမှာပါ။
ဒါဟာ နာဆာ အတွက်လည်း သမိုင်းမှတ်တမ်း ၁ ခု ဖြစ်လာပါတယ်။ ၂၀၁၁ ခုနှစ် Space Shuttle Program ပိတ်သိမ်းပြီးနောက် နာဆာရဲ့ အာကာသယာဉ်မှူးတွေ အာကာသကို ပြန်ရောက်လာတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ နာဆာဟာ ISS ကို သွားရောက်မယ့် စီမံကိန်း ၆ ခုစီကို Boeing နဲ့ SpaceX တို့အား ပေးအပ်ခဲ့ပါတယ်။ အခုတော့ SpaceX က ပထမဆုံး ခရီးစဉ်ကို အောင်မြင်စွာ ပြုလုပ်ပြနိုင်ခဲ့ပါပြီ။
Ref : tnw