Google က Android 11 Beta ကြေညာမယ့်အချိန်ကို နောက်တစ်ကြိမ် ရွှေ့ဆိုင်း

Google က Android 11 ကို ကြေညာဖို့ အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် Android 11 ကြေညာမယ့် Google I/O ကို မေလ ၁၂ ရက်ကနေ ၁၄ ရက်အထိ နောက်ဆုတ်လိုက်ခဲ့ပေမယ့် ပွဲ မဖြစ်လာခဲ့ပါဘူး။ အဲဒီနောက်မှာ ဇွန်လ ၁ ရက်နေ့ အွန်လိုင်းမှာ ကျင်းပမယ့် ပွဲကို ၃ ရက်နေ့သို့ နောက်ဆုတ်ခဲ့ပါတယ်။ အခုတော့ အဲဒီနေ့မှာလည်း မကြေညာတော့ပါဘူး။


Android Developers ရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ ဒီသတင်းကို ကြေညာလိုက်တာဖြစ်ပြီး Oakland နဲ့ Los Angeles တို့မှာ ပြည်သူတွေ ဆန္ဒပြနေကြတဲ့အတွက် ဒီလို နောက်ဆုတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ Google ဟာ I/O Events တွေမှာ Android Ecosystem အသစ်ကို Developers နဲ့ Users တွေအတွက် ချပြလေ့ရှိပါတယ်။

Android 11 ထွက်ရှိချိန် နောက်မကျပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာ ဖြစ်ပါတယ်။ Android 11 မှာ ပါမယ့် လုပ်ဆောင်ချက်တွေကို မသိရသေးပါဘူး။ ထုံးစံအတိုင်း Android OS အသစ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာ လုပ်ဆောင်ချက်အသစ်တွေ ပါလာမှာ သေချာပါတယ်။ Android 11 Beta ကို ကြေညာမယ့် အချိန်ကို စောင့်ကြည့်ရမှာပါ။

Ref : gsmarena

%d bloggers like this: