LG က iPad အတွက် LCD မျက်နှာပြင်တွေ တိုးမြှင့်ထုတ်လုပ်နေ

Apple က iPad အတွက် LG အား LCD မျက်နှာပြင်တွေ တိုးမြှင့်ထုတ်လုပ်ခိုင်းနေတယ်လို့ သတင်းထွက်လာပါတယ်။ ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါ ကာလအတွင်း အာရှမှာ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားရတဲ့အတွက် iPad အတွက် LCD မျက်နှာပြင်တွေ အရမ်းလိုအပ်နေပါတယ်။

အစောပိုင်းမှာတော့ Apple ဟာ ရောင်းအား ကျနေတဲ့အတွက် LG နဲ့ တခြား Suppliers တွေကို လျှော့ချထုတ်လုပ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် LG ဟာ ပြိုင်ဖက် Japan က Sharp နဲ့ China က BOE Display တို့ကို ဈေးကွက်‌ဝေစု ခွဲမပေးရအောင် Apple iPad အတွက် LCD မျက်နှာပြင်တွေကို မြန်မြန်ဆန်ဆန် အမြောက်အများ ထုတ်လုပ်ပေးရတော့မှာ ဖြစ်ပါတယ်။

LG ဟာ စမတ်ဖုန်း လောကမှာ အစောပိုင်းက အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အီလက်ထရောနစ် ကိရိယာ‌တွေမှာ ထည့်သွင်းထားတဲ့ မျက်နှာပြင်တွေကို ထုတ်လုပ်နေတဲ့ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ၁ ခု အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: