တန်ဖိုးနည်း စွမ်းရည်မြင့် ဖုန်းတွေ ရောင်းအားကောင်းတယ်လို့ စစ်တမ်းက ဖော်ပြ

ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဟာ ဒီနှစ်တွေအတွင်းမှာ ပြောင်းလဲလာပါတယ်။ စွမ်းရည်မြင့် တန်ဖိုးကြီး ဖုန်းတွေ ခေတ်စားခဲ့ပြီး အခုတော့ စွမ်းရည်မြင့် တန်ဖိုးနည်း ဖုန်းတွေ ရောင်းအားကောင်းလာတယ်လို့ Counterpoint Research ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

Samsung Galaxy S Series နဲ့ Galaxy Note Series တွေဟာ တောင်ကိုရီးယားမှာ ရောင်းအားအကောင်းဆုံး ဖုန်းနေရာကို သိမ်းပိုက်ထားတာ နှစ်များစွာ ကြာပါပြီ။ ဒါပေမယ့် အခုတော့ စစ်တမ်းအရ ၂၀၂၀ ကွာတား ၁ မှာ ရောင်းအား အကောင်းဆုံးက Galaxy A90 5G ဖြစ်ပြီး ဒေါ်လာ ၄၅၃ ပဲရှိပါတယ်။ ၂၀၁၉ ကွာတား ၁ က ရောင်းအား အကောင်းဆုံး ဖြစ်တဲ့ Galaxy Note 9 က ၈၀၆ ဒေါ်လာ ရှိပါတယ်။

ဒါပေမယ့် ဒီနှစ် ကွာတား ၁ ရဲ့ ရောင်းအား အကောင်းဆုံး ထိပ်တန်း ဖုန်း ၅ လုံးထဲမှာ တန်ဖိုးကြီး စွမ်းရည်မြင့် ဖုန်းတွေ ပါနေပါသေးတယ်။ နံပါတ် ၂ ရောင်းအားအကောင်းဆုံးက ၉၄၁ ဒေါ်လာရှိတဲ့ Galaxy Note 10 5G ဖြစ်ပြီး နံပါတ် ၅ နေရာကို Galaxy Note 10 Plus 5G က သိမ်းပိုက်ထားပါတယ်။ စွမ်းရည်မြင့် ဖုန်းတွေရဲ့ ဈေးဟာ ဒီနှစ်အနည်းငယ်အတွင်းမှာ အရမ်းကို ထိုးတက်လာတဲ့အတွက် လူတွေဟာ တန်ဖိုးနည်း စွမ်းရည်မြင့် ဖုန်းတွေကို ပိုကြိုက်လာကြတာပါ။

Ref : gizmochina

%d bloggers like this: