အရောင် ၃ ရောင် ထွက်လာမယ့် Honor Play 4

Honor က Play 4 နဲ့ Play 4 Pro တို့ကို နောက်လ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Honor က Play 4 ရဲ့ အရောင် ၃ ရောင်ကို မျှဝေလိုက်ပါတယ်။ အနက်၊ အပြာနဲ့ အဖြူရောင်တွေ ဖြစ်ပြီး သူ့ရဲ့ Specs တွေဟာ TENAA ကနေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့မှာ ၆.၈၁ လက်မ 1080x2400p LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပေမယ့် Chipset ကို မသိရသေးပါဘူး။

အနောက်ဘက်မှာ 64MP Main , 8MP , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာပါ။ 4 or 6 or 8GB RAM နဲ့ 64 or 128 or 256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ ဘက်ထရီက 4,200mAh ဖြစ်ပါတယ်။

Honor က Play 4 Pro မှာ 40W Fast Charging , IR Blaster နဲ့ Kirin 990 SoC ပါလာမယ်လို့ အတည်ပြုထားပြီးပါပြီ။ အရင်ထွက်ခဲ့တဲ့ သတင်းအရ 40MP Sony IMX600y RYYB Sensor ပါလာမှာ ဖြစ်ပြီး အဲဒီ Sensor ကို မကြာခင်က ကြေညာခဲ့တဲ့ Honor X10 မှာလည်း သုံးထားပါတယ်။ Honor Play 4 Pro ကို ယွမ် ၃ ထောင်လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၅ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: