Samsung Galaxy M01 နဲ့ M11 ကို အိန္ဒိယမှာ ဇွန်လ ၂ ရက်နေ့ ကြေညာမည်

Samsung က Galaxy M01 နဲ့ M11 ကို အိန္ဒိယမှာ မကြာခင် ရောင်းတော့မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ သူတို့ကို အိန္ဒိယမှာ နောက်လ ၂ ရက်နေ့ ရောင်းတော့မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ သူတို့ရဲ့ ဈေးတွေကို မိတ်ဆက်ပွဲကျမှ တရားဝင် သိရမှာ ဖြစ်ပါတယ်။ M11 ရဲ့ 3/32GB နဲ့ 4/64GB ကို ရူပီး ၁၀,၉၉၉ ၊ ၁၂,၉၉၉ နဲ့ အသီးသီး ရောင်းချနိုင်ပါတယ်။ M01 ရဲ့ 3/32GB ကို ရူပီး ၁၀,၉၉၉ နဲ့ ရောင်းချနိုင်ပါတယ်။

Galaxy M11 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၄ လက်မ HD+ Infinity-O LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 720x1560p Resolution ဖြစ်ပြီး Octa-Core Snapdragon 450 မောင်းနှင်ထားပါတယ်။

512GB microSD Card စိုက်နိုင်ပါတယ်။ ခေတ်စားနေတဲ့ Punch Hole ပါလာပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 13MP , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Android အခြေပြု OneUI မောင်းနှင်ထားပြီး Android Version ကို မသိရသေးပါဘူး။ 15W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ အနက်၊ အပြာနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။

Samsung Galaxy M11 specifications

• 6.4-inch (1560 × 720 pixels) HD+ LCD TFT display
• 1.8GHz Octa-Core processor
• 3GB RAM with 32GB storage / 4GB RAM with 64GB Storage, expandable up to 512GB via micro SD card
• OneUI based on Android OS
• Dual SIM + dedicated microSD slot
• 13MP f/1.8 (primary) + 5MP f/2.2 (115-degree ultra-wide) + 2MP f/2.4 (depth camera)
• 8MP front camera with f/2.0 aperture
• Physical fingerprint scanner, Face Unlock
• Dimension: 161.4 x 76.3 x 9.0 mm; Weight: 197g
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2, USB Type-C, GPS + GLONASS
• 5000mAh (typical) battery; 15W charging

M01 ရဲ့ Specs တွေကို မသိရသေးပေမယ့် ပေါက်ကြားနေတဲ့ အောက်က ပုံမှာ သူ့ရဲ့ Specs တွေကို လေ့လာနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: