POCO F2 Pro ကို မလေးရှားမှာ ရောင်းပြီ

စွမ်းရည်မြင့် POCO F2 Pro ကို ဒီလ အစောပိုင်းက ကြေညာခဲ့ပြီး သူဟာ Redmi K30 Pro 5G ကို ဆန်းသစ်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ အခုတော့ သူ့ကို မလေးရှားမှာ ရောင်းပေးလိုက်ပါပြီ။ 6/128GB ကို ၂,၁၉၉ ရင်းဂစ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်းလောက်ကျသင့်မှာပါ။ 8/256GB ကို ၂,၅၉၉ ရင်းဂစ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၄ သောင်းလောက်ရှိမှာပါ။ နောက်လ ၁၀ ရက်နေ့မှာ စတင် ရောင်းချပေးမှာပါ။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ၆.၆၇ လက်မ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Screen-to-body Ratio က ၉၂.၇ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် မျက်နှာပြင် အပြည့် ဒီဇိုင်းက လန်းပါတယ်။ SD865 မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ အပူချိန်လျှော့ချပေးတဲ့ နည်းပညာနဲ့ Game Turbo 3.0 , 4D Vibration ထည့်ထားပါတယ်။

Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး NFC ပါလာပါတယ်။ အနောက်ဘက်မှာ 64MP Main , 13MP Ultrawide , 5MP Tele Macro နဲ့ 2MP Depth ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 12MP Pop Up ကင်မရာ ထည့်ထားပါတယ်။ 30W Fast Charging ပါတဲ့ 4,700mAh ဘက်ထရီ ထောက်ပံ့ထားပြီး ၆၃ မိနစ်အတွင်းမှာ အားအပြည့်သွင်းနိုင်ပါတယ်။ Neon Blue , Phantom White , Electric Purple နဲ့ Cyber Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။

POCO F2 Pro specifications

• 6.67-inch (2400 × 1080 pixels) Full HD+ E3 AMOLED aspect ratio HDR10 + display with 1200nit (Max brightness) / 800nit (HBM) brightness, 5000000:1 (Min) contrast ratio, 100% DCI-P3 Wide Color Gamut, Corning Gorilla Glass 5 protection
• Octa Core (1 x 2.84GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 6GB LPDDR4X RAM with 128GB UFS 3.1 storage / 8GB LPPDDR5 RAM with 256GB UFS 3.1 storage
• Dual SIM (nano + nano)
• MIUI 11 based on Android 10
• 64MP rear camera with 1/1.7″ Sony IMX686 sensor, 0.8μm pixel size, f/1.69 aperture, 7P lens, 13MP 123° ultra-wide-angle lens, 2MP depth of field lens with 1.75 μm, 5MP (50mm equivalent tele) macro lens with 3cm ~ 7cm autofocus macro, 8k at 30fps, 4k 60fps, 960fps slow motion at 1080p
• 20MP front-facing camera with 120fps slow motion
• In-display fingerprint sensor, Infrared sensor
• 3.5mm audio jack, Hi-Res audio, 1216 speaker
• Dimensions: 163.3 x 75.4 x 8.9 mm; Weight: 218g
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz) MU-MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 4700mAh (Typical) battery with 30W fast charging

Ref : gizmochina

%d bloggers like this: