သွားတိုက်ရမှာ ပျင်းသူတွေအတွက် စမတ် သွားတိုက်စက်

သွားနဲ့ ခံတွင်း ဆရာဝန်များက သွားများ အားလုံးကို သန့်ရှင်းစေဖို့ တစ်ကြိမ်လျှင် အချိန် ၃ မိနစ်လောက် သွားတိုက်ပေးဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။ အခုတော့ ၆ စက္ကန့်အတွင်းမှာ သွားများရဲ့ ၉၉.၉ ရာခိုင်နှုန်းကို သန့်ရှင်းရေး လုပ်ပေးမယ့် စမတ် သွားတိုက်စက် ပေါ်လာပါပြီ။ သူ့ရဲ့ အမည်က Unobrush ဖြစ်ပြီး သူက အသံလှိုင်းများဖြင့် သွားများကို သန့်ရှင်းပေးတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

သင့် ရေချိုးခန်းထဲက သမားရိုးကျ သွားပွတ်တံများဟာ အီကိုလိုင်း အပါအဝင် ဘက်တီးရီးယား သန်း ၁၀၀ အထိ ကူးစက်နိုင်ပါတယ်။ သွားပွတ်တံဟာ အိမ်သာနဲ့ နီးရင် ပိုလို့တောင် ကူးစက်နိုင်ပါတယ်။ သင့် အိမ်သာကို ရေဆွဲချလိုက်ရင် ဘက်တီးရီးယားများဟာ လေထုထဲကို ရောက်လာတတ်ကြတဲ့အတွက် သင့် သွားပွတ်တံမှာ ပေကျံနေနိုင်ပါတယ်။

ဒီပြဿနာကို Unobrush က ဖြေရှင်းပေးထားပါတယ်။ ဘက်တီးရီးယားများ မတွယ်ကပ်စေဖို့ သွားတိုက်စက်အတွက် Docking Station ကို ဖန်တီးပေးထားပါတယ်။ Station က နေရောင်ခြည် အလင်းတန်းကို အသုံးပြုပြီး ဘက်တီးရီးယားများကို ၉၉.၉ ရာခိုင်နှုန်းအထိ သတ်ပေးပါတယ်။

Unobrush အမည်ရ စမတ် သွားတိုက်စက်ဟာ သမားရိုးကျ သွားတိုက်တံများ၊ မော်တာပါတဲ့ သွားတိုက်စက်များနဲ့ ပုံသဏ္ဍာန် မတူပါဘူး။ သူ့မှာ ရေမြှပ်ဖော့လို Mouthpiece ပါပြီး ဖော့ကို ကိုက်ခြင်းဖြင့် သူ့ကို ပါးစပ်မှာ တပ်ဆင်ရပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ဝက်ဘ်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။

Ref : digitaltrends

%d bloggers like this: