Self-driving ကားတွေမှာ လိင်ဆက်ဆံမှု များလာမည်

မောင်းသူမဲ့ ကားများက အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေး နည်းပညာကို ပုံဖော်တော့မှာပါ။ ဒါ့အပြင် လူတွေရဲ့ လိင်ဆက်ဆံမှုကိုလည်း ပြောင်းလဲစေတော့မှာပါ။ Annals of Tourism Research ရဲ့ သုတေသန စစ်တမ်း အသစ်တစ်ခု အရ ယာဉ်မောင်း မပါခြင်းနဲ့ ယာဉ်မောင်းဖို့ မလိုအပ်ခြင်းကြောင့် မောင်းသူမဲ့ ကားများပေါ်မှာ လိင်ဆက်ဆံမှုတွေ များလာမယ်လို့ သိရပါတယ်။

လက်ရှိမှာ အမေရိကန် လူမျိုးများရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကားထဲမှာ လိင်ဆက်ဆံကြတယ်လို့ စစ်တမ်းများအရ သိရပါတယ်။ မောင်းသူမဲ့ကားများ ပေါ်လာရင်တော့ ဒီပမာဏထက် အလွန်ကို များပြားလာတော့မယ်လို့ ကျွမ်းကျင်သူများက တွက်ချက်ထားပါတယ်။ ဒါ့အပြင် လိင်လုပ်သားများကိုလည်း အကျိုးသက်ရောက်စေမှာပါ။

“ မောင်းသူမဲ့ကားများဟာ လိင်ဆက်ဆံမှု အခြေပြု ခရီးသွားလုပ်ငန်းနဲ့ လိင်လုပ်သားများကို အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။ တရားဝင် သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ အနာဂတ်မှာတော့ မောင်းသူမဲ့ကားများထဲမှာ လိင်ဆက်ဆံမှုများ ပိုများလာမှာ ဖြစ်ပါတယ်။ “ လို့ သုတေသန စစ်တမ်းကို ဦးဆောင်ခဲ့သူ ကိုဟန်က ပြောပါတယ်။

မောင်းသူမဲ့ ကားများဟာ လိင်ကိစ္စကိုသာ အကျိုးသက်ရောက်စေမှာ မဟုတ်ဘဲ လူတွေရဲ့ အိပ်စက်မှု ကနေ အစားအစာ စားတဲ့ နည်းလမ်းများကိုပါ ပြောင်းလဲစေတော့မှာ ဖြစ်ပါတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

Ref : tnw

%d bloggers like this: