Facebook က နာမည်ကြီး အကောင့်တွေရဲ့ ID ကို စစ်ဆေးမည်

Facebook က Reach များတဲ့ အကောင့်တွေရဲ့ ID ကို စစ်ဆေးမယ်လို့ ကြေညာလိုက်ပါတယ်။ Bots တွေနဲ့ အကောင့် အတုအယောင်တွေအစား အကောင့် အစစ်တွေဆီက သတင်းမှန်တွေကို လူတွေ ပိုမို မြင်ရဖို့အတွက် အခုလို ပြုလုပ်တာပါ။ အရင်ကလည်း Facebook ဟာ နာမည်ကြီး Page တွေရဲ့ ID ကို စစ်ဆေးတဲ့ မူဝါဒကို ပြုလုပ်ခဲ့ပါတယ်။

နာမည်ကြီး အကောင့်တွေက ID တင်ပြဖို့ ငြင်းဆန်ရင် Facebook က သူ့ရဲ့ ပို့စ်တွေကို လူတွေ သိပ်မမြင်ရအောင် ပိတ်ပင်မှာ ဖြစ်ပါတယ်။ သံသယရှိသူဟာ Facebook Page ရဲ့ အက်မင် ဖြစ်ပြီး ID မတင်ပြရင် အဲဒီ Page ကို ကိုင်တွယ်တာကို ပိတ်ပင်လိုက်မှာ ဖြစ်ပါတယ်။

Facebook ဟာ တကယ့် ID တွေသုံးပြီး Facebook သုံးကြဖို့ ဟိုးအရင်ထဲက တိုက်တွန်းနေတာပါ။ အခု မူဝါဒ အသစ်ဟာလည်း ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ Facebook က သတင်းအမှားတွေ သူ့ရဲ့ လူမှုကွန်ရက်မှာ မပြန့်ပွားအောင် တားဆီးချင်တာကြောင့်အခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွေကြားမှာ မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ဩဇာအာဏာ မလွှမ်းမိုးအောင် ပြုလုပ်တာလည်း ဖြစ်ပါတယ်။

Ref : theverge

%d bloggers like this: