YouTube မှာ Video Chapters Feature ပါလာပြီ

YouTube က Creator နဲ့ Viewer တွေအတွက် အရေးကြီးတဲ့ Video Chapters လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဗီဒီယို ဖန်တီးသူတွေက သူတို့ရဲ့ ဗီဒီယိုမှာ အပိုင်းတွေခွဲနိုင်ပြီး ကြည့်ရှုသူတွေက ကြည့်ချင်တဲ့ အပိုင်းကို မြန်မြန် ကျော်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ လုပ်ဆောင်ချက်ဟာ ရှည်လျားတဲ့ ဗီဒီယိုတွေအတွက် ပို အသုံးဝင်ပါတယ်။ အဲဒီလို လုပ်ဆောင်ချက်ကို Streaming Website Twitch မှာ မကြာခင်က ထည့်သွင်းပေးခဲ့ပြီး အခုတော့ YouTube ကို ရောက်လာပါပြီ။

ဗီဒီယိုမှာ Chapter တွေ ထည့်သွင်းဖို့အတွက် Uploader တွေဟာ အောက်ပါ အတိုင်းလုပ်ဆောင်ရမှာပါ။

၁။ YouTube ကို Sign In ဝင်ပါ။
၂။ Edit လုပ်ချင်တဲ့ ဗီဒီယိုကို ရွေးပါ။
၃။ ဗီဒီယိုအောက်က Edit Video ကို ရွေးပါ။
၄။ Add Details ရဲ့ Description Box မှာ Timestamps တွေ ထည့်သွင်းနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: