Sony က PS5 မိတ်ဆက်ပွဲကို နောက်လ ၄ ရက်နေ့ ပြုလုပ်မည်

Sony က မကြာခင်က PS5 ရဲ့ Specs တွေကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် တရားဝင် ကြေညာပွဲကို နောက်လ ၄ ရက်နေ့မှာ ပြုလုပ်တော့မှာ ဖြစ်ပြီး PlayStation ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ အွန်လိုင်းမှာ တိုက်ရိုက် ပြသမှာ ဖြစ်ပါတယ်။


အရင်က PlayStation ဂိမ်းစက် ကြေညာပွဲတွေမှာ နည်းပညာ အကြောင်းတွေ ပိုပြောသွားခဲ့ပြီး အခု Sony က မျှဝေလိုက်တဲ့ Teaser အရ PS5 ပွဲမှာ ဂိမ်း အသားပေး ပြောကြားမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို အွန်လိုင်းကနေပဲ ပြုလုပ်မှာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း PS5 နဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကိုလည်း အွန်လိုင်း ကနေပဲ ကျင်းပမှာ ဖြစ်ပါတယ်။

Developers များက PS5 အတွက် Development Kits များကို ရရှိထားပြီးပါပြီ။ ပြီးခဲ့တဲ့ နှစ် ဇွန်လမှာ ကျင်းပတဲ့ E3 2019 မှာ ဆိုနီ မပါဝင်ရခြင်းဟာ PS5 အတွက် ကြိုးစားနေရလို့ ဖြစ်တယ်လို့ သတင်းရထားပါတယ်။ PS5 မှာ Virtual Reality ထောက်ပံံ့မှုဟာ အဓိက လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။

PSVR 2 Headset မှာ ကင်မရာ ပါလာမှာ ဖြစ်ပြီး Breaker Box မလိုအပ်တော့ပါဘူး။ Headset အတွက် VR လက်အိတ်ကိုလည်း ဆိုနီက ဖန်တီးနေတယ်လို့ ဆိုပါတယ်။ PlayStation Move Controller အသစ်ကိုလည်း ဖန်တီးနေပါတယ်။

Ref : gsmarena

%d bloggers like this: